Home » » youtube ဗီဒီယိုတွေ ဒေါင်းလုတ်ဖို့

youtube ဗီဒီယိုတွေ ဒေါင်းလုတ်ဖို့

စောကျော်ခရော့စ်

ဖိုင်းယားဖောက်စ်မှာ youtube ဗီဒီယိုတွေကို ဒေါင်းလုတ်ချ နိုင်ပါတယ်။ ဗီဒီယို ဒေါင်းလုတ်ဟယ်လ်ပါ (download helper) ဆိုတဲ့ အက်ဒ်အွန်တခုကို သုံးရပါမယ်။

၁။ ဖိုင်းယားဖောက်စ်ရဲ့ Tools > Add-ons ကို ဖွင့်ပါ။

၂။ Browse All Add-ons ကို ကလစ်ပါ။

၃။ Search for add-ons နေရာမှာ downloadhelper လို့ ရိုက်ထည့်ပေးပါ။
ပြီးရင် Enter ခေါက်ပါ။ (ဒါမှမဟုတ်) ဒေါင့်နားက မြားကလေးကို ကလစ်ပါ။
ပုံမှာ ပြထားတဲ့အတိုင်း Video DownloadHelper ပေါ်လာပြီဆိုရင် Add to Firefox ကို ကလစ်ပါ။

၎။ Install Now ကို ကလစ်ပါ။

၅။ Restart Firefox ကို ကလစ်ပါ။

၆။ Firefox ပြန်ပွင့်လာတဲ့အခါ youtube.com တို့လို ဗီဒီယို ဝဘ်ပေ့ခ်ျ တခုခုကို ဖွင့်ပါ။
ကိုယ်ကြိုက်တဲ့ ဗီဒီယိုတခုကို ဖွင့်ပါ။

ဗီဒီယိုတခု ဖွင့်တာနဲ့ Address bar ဘေးက DownloadHelper icon လည်နေတာကို တွေ့ရပါမယ်။
သူ့ဘေးက မြားကို ကလစ်ပြီး (.flv) ကို ကလစ်ပေးပါ။
ဒါဆိုရင် အဲဒီ ဗီဒီယို .flv format ဖိုင်ကို ဒေါင်းလုတ် ဆွဲချပေးပါလိမ့်မယ်။

အားလုံး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ မေးခွန်းများ ရှိရင်လည်း ကြိုဆိုပါတယ်ဗျား။
ဇွဲကပင်

0 comments:

Post a Comment