Home » » CMD Mode

CMD Mode

ကျနော် ဟိုဆိုက်သွား ဒီဆိုက်သွားရင်းနဲ့ ကိုကလောသားဆိုက်ကိုရောက်ခဲ့ပါတယ်။
အဲဒီမှာကျနော် cmd mode ဆိုတဲ့ ခေါင်းစည်းတစ်ခုတွေ့လိုက်လို့ ဖတ်ကြည့်တယ်။
ကျနော်ကကွန်ပျူတာကျောင်းသား၊ IT ပညာရှင်တွေမဟုတ်တော့ ကွန်ပျူတာအခြေခံ
လေးတွေတွေ့ရင် ကျနော့်လိုဘဲ မသိသေးသူများအတွက် ပြန်လည်ဝေငှချင်တဲ့ ဆန္ဒ
ကအမြဲရှိတယ်လေ။ ဒါပေမယ့် သိတယ်မဟုတ်လား အင်တာနက်က Lesson Room
ပဲလေ။

ကိုယ့်ကိုရေးပါလားဆိုတော့လဲ ရေးမှမရေးနိုင်သေးတာဗျာ၊ တစ်ခါတစ်လေ အခြားဆိုက်
တစ်ခုမှာ အသုံးများတဲ့အကြောင်းအရာတွေတွေ့ရင် ကျနော့်ဆိုက်မှာ ပြန်လည်တင်တတ်
ပါတယ်။ ဒါကလဲ ကျနော်ဝေငှချင်တဲ့ဆန္ဒ၊ စုစည်းချင်တဲ့ဆန္ဒများလွဲ၍ နာမည်ယူစေချင်တဲ့
ဆန္ဒမျိုး လုံးဝမရှိရိုးအမှန်ပါပဲဗျာ။ မတတ်ရင် မတတ်၊ မသိရင် မသိတဲ့အကြောင်း ပြောဖို့
ဘယ်တော့မှ ၀န်လေးမည်မဟုတ်ပါ။

ကဲ...အခုလည်း ကလောသားဆိုက်မှ cmd mode အကြောင်းကို ကျနော်
လိုပဲလေ့လာချင်သူများအတွက် တင်ပေးလိုက်တယ်။

+/- ကလောသားရဲ့ CMD mode အကြောင်းစပြီး ဖတ်ရအောင်...


ကဲ ကျွန်တော့်ရဲ့ ကရေစီ ကျတဲ့ cmd mode နဲ့ ကလိကျရအောင်ဗျာ... တချို့ဟာတွေက အခြားဘလော့မှာအဆင်
သင့်ရှိနေတာကြောင့် လင့်ကိုပဲ လမ်းညွန်ပေးလိုက်မယ်ဗျာ...

{ 1 }မိမိ ကွန်ပျူတာရဲ့ install dat ,, model,, serial number... တွေကို သိချင်ရင် ဒီ ....လင့်ကို......သွားပါ....

{ 2 }မိမိကွန်ပျူတာ ပါ အော်တိုပါနေတဲ့ ပရိုဂရမ် များကို cmd mode ကနေ လည်းခေါ်လို့ရတယ်နော်....အောက်က
ပုံလေးကို ကြည့်လိုက်ပေါ့....ဘယ်လိုတိုက်ပြီး ခေါ်၇မလဲဆိုတော့ notepad ,, calc ,, mspaint ,, charmap,,
osk စသည်ဖြင့် အများကြီးပဲဗျာ အကုန်ခေါ်လို့၇တယ်ဗျာ..ပုံကိုကြည့်လိုက်...



{ 3 } cmd command prompt တွင် "telnet towel.blinkenlights.nl" ကိုရိုက်ထည့်ပြီး enter ခေါက်ပါ..
စက္ကန့်အနည်းငယ်စောင့်ပြီးရင် star war ရုပ်ရှင် စပါပြီ..သိသူများလည်း ရှိချင်ရှိမှာပေါ့...


{ 4 }မိမိရဲ့ ကွန်ပျူတာ အိုင်ပီ ip address နဲ့ အခြား LAN ချိတ်မယ့် address များကို ကြည့်ချင်ရင်
ipconfig/all လို့ရိုက်ထည့်ပြီး အန်းတားခေါက်ပါ...ပေါ်လာပါလိမ့်မယ်...


{ 5 } cmd mode မှ driver တွေထဲကို ၀င်ချင်ရင် G:
files တွေကိုကြည့်မယ်ဆို၇င် dir
dir ထဲက ဖိုဒါထဲကို ထပ်ဝင်ချင်ရင် cd filename
folder တည်ဆောက်မယ်ဆို၇င် mkdir filename
rename ပေးချင်ရင် ren oldename newname
clear screen လုပ်ချင်ရင် cls
file ကို delete လုပ်ချင်ရင် del filename-file extension
date ကို ကြည့်ချင်ရင် date လို့ ရိုက်ထည့်
လက်ရှိအချိန်ကိုသိချင်ရင် time လို့ရိုက်ပါ



{ 6 } cmd mode ထဲကနေ် lan ချိတ်ထားသော စက်အချင်းချင်း မက်ဆေ့ ပို့မယ်ဆိုရင်
control panel>administrative tools>services>messenger>r-click>properties>starts type>disabled ဖြစ်နေရင် automati ပေးပါ...>apply>start ကိုထပ်နှိပ်ပါ..စက် ၂ ခုလုံးကိုတော့ cmd ကိုဖွင့်
ထားရမယ်နော်....ကဲစပို့တော့မယ်ဆိုရင် cmd > net send ipaddress (ip address ဆိုတာက ပို့မယ့်စက်၇ဲ့ အိုင်ပီကိုပြောတာပါ..)စက်အားလုံးကိုပို့မယ်ဆိုရင်တော့ အိုင်ပီမထည့်ပဲ နဲ့ net send typemessage ဆိုရင် ရပါပြီ...ဥပမာ....net send *morning everybody!


{ 7 } cmd ကိုသုံးနေရင်းနဲ့ နောက်ထပ်အသစ် ထပ်လိုချင်တယ်ဆိုရင် start ရိုက်ပြီး အန်းတားခေါက်လိုက်ရင် နောက်ထပ်အသစ်တခုကျလာလိမ့်မယ် ဗျာ..မယုံရင် လုပ်ကြည့်နော်...
နောက်ဆုံးဗျာ ဘားမှမလုပ်တတ်ရင် help လို့သာရိုက်လိုက် အဲဒီမှာ ကော်မန့်တွေနဲ့ သူတို့ရဲ့လုပ်ဆောင်ချက်
တွေကို ပြောပြလိမ့်မယ်....cmd mode ကနေ ဗိုင်းရပ် ရှိမရှိ စမ်းသပ်တဲ့ နည်းလမ်းရှိသေးတယ်...ကျွန်တော်
မေ့နေလို့နောက်မှ ပဲပြောပြတော့မယ်ဗျာ...

{8} cmd mode ကိုဖွင့်ပြီးရင် ဘယ်ဘက်အပေါ်ထောင့်မှာရှိတဲ့ cmd mode လေးထောင့် အမည်းတုံးလေး
ကို သွားထောက်ပြီး ကလစ်တချက်နှိပ်လိုက်ပါ...ဘောက်တခုကျလာပြီး အဲဒီမှာ သူ့ရဲ့ properties ရှိပါတယ်
အဲဒီကနေ နောက်ခံအရောင်...စာလုံးအရောင်...သူ့ရဲ့ ဆို်ဒ်အ၇ွယ်အစား....ကော်ပီကူးပြီး စလပ်လုပ်တဲ့
အရောင် ...တွေကို သွားပြီး ချိန်းလို့ရပါတယ်...နောက်ပြီး cmd mode အတွင်းမှာ ညာကလစ်ထောက်ရင်
mark ဆိုတာ ရှိပါတယ် ..တချက်နှိပ်လိုက်ပါ ပြီး၇င် cursor ရှိတဲ့နေရာကနေ မောက်စ်ကိုထောက်ပြီး ကော်ပီ
ကူးချင်တဲ့နေရာထိ ဆွဲပါ...ပြီး၇င် ညာကလစ်ထောက်ပြီး paste ပေးလိုက်ခြင်းအားဖြင့် ..copy..paste လုပ်လို့၇
ပါပြီ...အောက်က ပုံလေးကို တချက်ကြည့်လိုက်ပါအုန်း...


{ 9 } name သိတဲ့ virus ဆိုရင် DOS ကနေ သတ်လို့ရပါတယ် လုပ်ဖူးတာကိုပြောတာပါ..အရင်ဆုံး run
ကနေ cmdကို ရိုက်ပြီး ခေါ်ပါ..။ virus က C: ထဲက file တခုထဲေ၇ာက်နေတယ်ဆိုပါတော့ virus ရှိတဲ့ part dir ကို အရင် change ရမယ်လေ...dir change ချိန်းချင်ရင် cd\enter ခေါက်ပါ..ပြီးရင် ကိုယ်သွားချင်
တဲ့ dir ကိုေ၇ာက်အောင် cd windows စသည်ဖြင့် ရေးပြီး enter ခေါက်ပါ.. virus ၇ှိတဲ့ folder/drives
ကိုရောက်ရင် attrib -r -h -s(virus name.frile extension) ရိုက်ပြီး enter ခေါက်ပါ...ဒါဆိုရင်
c:\windows>- ကာဆာဆိုပြီးပေါ်နေမယ် ပြီး၇င် del(virus name.frile extension) ရိုက်ပြီး enter ခေါက်ပါ..ဒါလောက်ပါပဲ.။။ space ခြားရမယ့်နေရာတွေတော့သေချာ လုပ်ပါ....

{ 10 } cmd ထဲကနေ drive တွေထဲက ဖိုဒါတွေထဲမှာ စာရင်း list လေးလုပ်ကြည့်မယ်ဗျာ..ပထမ drive D:
folder cd foldername ကိုသွား.. ကိုယ်လုပ်ချင်တဲ့ဖိုဒါကိုရောက်ပြီဆိုရင် dir>list.txt ဟုရိုက်ထည့်ပြီး
enter ခေါက်ပါ...ပြီးရင် အဲဒီဖိုဒါရှိတဲ့နေရာမှာ သွားကြည့်လိုက်ပါ...listတစ်ခုရှိနေပါလိမ့်မယ် ဖွင့်ကြည့်လိုက်ပါ
list ဆိုတဲ့နေရာမှာကြိုက်တဲ့ name ကိုထည့်လို့၇ပါတယ်

အိမ်စာတွေလုပ်ဖို့ရှိသေးလို့နောက်မှပဲ ဆက်ပြီးတင်ပြတော့မယ်ဗျာ..အများကြီးကျန်သေးတယ် .မကြာမီ လာမည် ...မျှော်

0 comments:

Post a Comment