Home » » Remove Administrator Password with CMD(XP)

Remove Administrator Password with CMD(XP)

ဒီတလော သတင်းတွေဖက်သိပ်အာရုံမရောက်တာနဲ့ ကျနော်လေ့လာပြီး ရရှိလာတဲ့ကွန်ပျူတာ
အကြောင်းတွေကိုပဲ ဆက်ပြီးပို့စ်တင်လိုက်ပါတယ်။ ဘလော့ဆိုတာ မိမိကိုယ်ပိုင် မှတ်စုစာအုပ်
လေးလိုပါပဲ။ ကောင်းတာတွေ့ရင် စုမယ်ဆောင်းမယ်ပေါ့ဗျာ။ကျနော်အချိန်ရှိရင် များသောအား
ဖြင့် နည်းပညာဆိုင်ရာဆိုက်တွေကို ဖွင့်ပြီးကြိုက်တာလေးတွေကို ဖတ်တယ် မှတ်တယ်လေ။
နောက်ပြီး ကျနော့်လို့ပဲ မသိသေးသူများအတွက် ပြန်လည်ဝေငှတယ်။ ဒါကလဲ ခွင့်ပြုချက်
တောင်းခံပြီး ဝေငှဖို့ခွင့်ပေးတဲ့ဆိုက်များထံမှသာ များသောအားဖြင့် ပြန်ပြီးပို့စ်တင်တာပါ။

ကဲ ဒီနေ့ မနောသားဆိုက်မှ Remove Administrator Password with
CMD( XP )ဆိုတဲ့ခေါင်းစည်းကို ကျနော့်လိုဝါသနာတူသူများအတွက် ပို့စ်တင်ပေးလိုက်တယ်။ ဒါလေးတောင် မသိသေးဘူးလားလို့မေးရင်...မသိလို့လေ့လာရတာပေါ့ဗျာ..CMD, Registry editor
အကြောင်းတွေကို ရေးတဲ့ပို့စ်ဆိုရင် ကျနော်မလွတ်တမ်းဖတ်တယ်။ လေ့လာချင်ရင်တော့ အောက်
မှာစကြရအောင်...

+/- Remove Administrator Password with CMD ( XP )ဖတ်ချင်နှိပ်ပါ..


C- Box မှာ Administrator Password ကို CMD ကနေ ဘယ်လို ဖျက်မလဲဆိုတာကို မေးထားလို့ ပြန်ပေးပေးလိုက်တဲ့ပို့စ်ပါ။ CMD က မဟုတ်ပဲ သာမန်ဒီတိုင်းဆိုရင်တော့ လွယ်ပါတယ်။ Control Panel ထဲသွားပြီး User Account ကနေ Remove ပေးလိုက်ရင် ရပါပြီ။ အခု CMD ကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာကို ပြောပါမယ်။ Window Admin ကို Password ခံထားရင် ဒီလို မြင်တွေ့ရပါမယ်။ ( Control Panel --User Account -- Administrator ) ။ Password Protect ဆိုတာလေးကို တွေ့မှာပါ။ အဲဒါက Password ခံထားတယ်ဆိုတာကို ဆိုလိုတာပါ။


အခု အဲဒီ Password ကို CMD ကနေ ဖျက်ကြည့်မယ်။ အရင်ဆုံး Start -- Run --မှာ cmd လို့ ရိုက်ထည့်ပါ ။ အဲဒါမှ မရဘူးဆိုရင် cmd.exe လို့ ရိုက်ထည့်ပါ။ CMD Box ကျလာပါမယ်။ အဲဒီမှာ net user လို့ ရိုက်ပြီး Enter ခေါက်ပါ။


နောက်တဆင့်မှာ Admin Accounts Name ကို ရှာပါ။ တွေ့ရင် net user (Admin Accounts Name) * လို့ ရိုက်ထည့်ပါ။ ကွင်းတွေ မပါပါဘူး။ အောက်က ပုံမှာဆို Admin Accounts Name က NCK ဖြစ်လို့ net user NCK * လို့ ရိုက်ပါတယ်။ ပြီးရင် Enter ခေါက်လိုက်ပါ။


အဲဒီမှာ ပေါ်လာမှာက -

Type a password for the user : ( ဘာမှ မရိုက်ပါနဲ့ Enrer ဆက်ခေါက်လိုက်ပါ )
Retype the password to comfirm : ( ဘာမှ မရိုက်ပါနဲ့ Enrer ဆက်ခေါက်လိုက်ပါ )
The command complete successfully ဆိုတာပေါ်လာပါမယ်။ ဒါဆို ရပါပြီ။


Control Panel ထဲသွားပြီး User Account ကိုသွားကြည့်လိုက်ပါ ။ Password Protect ဆိုတာ မရှိတော့ပါဘူး ။



အဆင်ပြေပါစေ

မနောသား

0 comments:

Post a Comment