Dual-Boot မှာ Windows ကို Default ဘယ်လိုထားမလဲ ??
ကျွန်တော်တို့တွေကို Ubuntu ကို Windows နဲ့ dual-boot တွဲသုံးတဲ့ အခါမှာ Windows ကို ပိုအားကိုးပြီး သုံးနေကြရတဲ့ သူတစ်ယောက် အတွက် စိတ်ပျက်ဖို့ ကောင်းတာ တစ်ခုက Grub loader လို့ခေါ်တဲ့ Boot loader မှာ Default Operating System က Ubuntu ဖြစ်နေတာပါ - Restart ပေးရင် ဖြစ်ဖြစ် - ကွန်ပြူတာ စဖွင့်ရင် ဖြစ်ဖြစ် အဲ့ဒီ့ Grub loader ပေါ်တဲ့ အထိစောင့်ပြီး Windows ကို ရွေးရွေးပေးနေရတာ တော်တော်လေး စိတ်ကသိကအောက် ဖြစ်စေပါတယ် - အဲလို စိတ်ကသိကအောက် ဖြစ်နေရရင် Grub loader မှာ Default Operating System ကို Ubuntu ကနေ Windows ပြန်ဖြစ်အောင် bootup options မှာ ပြောင်းယူလို့ ရတဲ့ နည်းလမ်းတွေတော်တော်များများ ရှိပါတယ် - အောက်မှာဖော်ပြထားတဲ့ နည်းက အဲလိုနည်းလမ်းပေါင်း များစွာထဲက လွယ်ကူတဲ့ နည်းတစ်နည်းပါ -
အရင်ဆုံး System --> Administration ကိုသွားပြီး သူ့အောက်မှာ Startupmanager ဆိုတာ ရှိမရှိ ကြည့်ပါ - တကယ်လို့ မရှိဘူး ဆိုရင် Applications --> Accessories --> Terminal ကိုသွားပြီး အောက်ဖော်ပြပါ စာကြောင်းတွေကို ရိုက်သွင်းပါ -
sudo apt-get install startupmanager
အဲလိုရိုက်ပြီး Enter ခေါက်လိုက်ရင် Password တောင်းပါလိမ့်မယ် - Password ထည့်လိုက်ပါ - နောက် သူ့ဘာသာ သူ ရှေ့ဆက်သွားပါလိမ့်မယ် - နောက်တစ်ဆင့်မှာ
Do you want to continue {y/n}?
ဆိုပြီး မေးပါလိမ့်မယ် - "y" ဆိုပြီး ရိုက် Enter ခေါက်ပါ - လုပ်ဆောင်နည်း အသေးစိတ်ကို အောက်ဖော်ပြပါ ပုံမှာ ပြထားပါတယ် - လေ့လာကြည့်ပါ -

အဲလို ဆက်သွားလိုက်ပြီး ပြီးသွားရင် Terminal ကို ပိတ်ပြီး System --> Administration အောက်မှာ Startupmanager ရှိမရှိ ထပ်ကြည့်လိုက်ပါ - သူ့ကို အောက်မှာ ဖော်ပြထားသလို တွေ့ရပါလိမ့်မယ် -

အဲ့ဒီ Startupmanager button ကိုနှိပ်လိုက်ရင် Administrative tasks တွေလုပ်ဆောင်ဖို့ အတွက် Password ထပ်တောင်း ပါလိမ့်မယ် - ပုံမှန်အတိုင်း ကိုယ့် Password ကို ပေးပြီး ရှေ့ဆက်သွားလိုက်ရင် အောက်ဖော်ပြပါ အတိုင်း Window တစ်ခု ပွင့်လာပါလိမ့်မယ် - အဲ့ဒီကနေ Timeout နေရာမှာ ကိုယ် ကြာစေချင်သလောက် ရွေးပေး - နောက် Default operating system မှာ ကိုယ်ထားချင်တဲ့ Windows ကို ရွေးပေးပြီး Close လိုက်ပါ။

ခုဆိုရင် Grub loader မှာ Ubuntu ကနေ windows ကို ပြောင်းသွားပါပြီ - System ကို Restart ပေးပြီး ကြည့်ကြည့်ပါ - အရင်လို Choice လုပ်စရာမလိုတော့ပဲ Windows တက်လာပါလိမ့်မယ် - Ubuntu ဝင်ချင်ရင်တော့ ပြန်ရွေးပေးပြီး ဝင်ရပါလိမ့်မယ်။
KznT.
0 comments:
Post a Comment