Home » » how to Restore bootloader for Windows

how to Restore bootloader for Windows

ဒီပို့စ်လည်း ကိုkznt ရဲ့လက်ရာပါပဲ။ ကျနော်ဒီနေ့အချိန်ရှိတာနဲ့ မြန်မာမိသားစုဖိုရမ်မှာရေးထားတဲ့ Linuxနဲ့ ပတ်သက်တဲ့
အမေး+အဖြေများဆိုတဲ့ ကဏ္ဍလေးတစ်ခုကိုဖတ်ဖြစ်ခဲ့တယ်။ အဲဒီမှာ ကိုkznt နဲ့ ကိုကျောက်ဖြူတို့ရေးသားချက်လေး
တွေအများဆုံးဖတ်ဖြစ်ပါတယ်။ သူတို့ရေးတာတွေဟာ ကျနော်တို့လို လေ့လာသူများအတွက် အတော်အထောက်အကူဖြစ်
စေပါတယ်။ ဒါကြောင့် လင်းနက်စ်အတွက် လိုအပ်မယ့်ပို့စ်တွေကို စုဆောင်းထားရင်း တဖက်ကလည်း လိုအပ်မယ့်ပုဂ္ဂိုလ်
များအတွက် သူတို့ရဲ့ရေးသားချက်များကို ပြန်လည်ဝေငှချင်တာနဲ့ ကျနော်ဆိုက်မှာပြန်လည်တင်ပြခြင်းသာဖြစ်ပါတယ်။

ကဲ...ဖတ်ရအောင်...

ဟုတ်ကဲ့ ဖြစ်နိုင်ချေ ရှိတာတော့ Ubuntu (Grub) bootloader မှာ error တက်တာ ဖြစ်နိုင်ပါတယ်။ တစ်ခုပြီး တစ်ခု မေးနေတာပဲ လို့တော့ ဖြစ်တော့မယ် - ခုနကတည်းက မေးလိုက်ရမှာ ကျွန်တော်ကလည်း လောသွားတော့ မဖော်ပြဖြစ်လိုက်ဘူး - ကို hellboy dual boot သုံးနေတဲ့ Windows အမျိုးအစားက ဘာများလဲ ?? xp / vista / 7 ?? ဒါပေမယ့် ထားလိုက်ပါတော့ ကျွန်တော် အခု အရင်ဆုံး xp / vista / 7 ဘယ် Windows ပဲ bootloader ကို ပြန်ပြင်ပြီး Windows ကို ပြန်ခေါ်နိုင်အောင် ကြိုးစားကြည့်ပါမယ်။ တကယ် ရမရ ဆိုတာ သေသေချာချာ ပြောဖို့ မဖြစ်နိုင်သေးပေမယ့် ကို hellboy စမ်းသပ်ကြည့်ပါ - Wubi နဲ့ တင်ထားတာ မို့လို့ ဘာပဲ ပြောပြော Windows ပြန်ရတယ် ဆိုရင်ပဲ Ubuntu ဆိုတာ ပြန် install လုပ်ဖို့ မခက်နိုင်ဘူးမလား ??

Windows XP bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်

ကျွန်တော်တို့ အရင်ဆုံး Windows XP installation CD လိုအပ်ပါတယ်။ ရပြီဆိုရင် ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။

အဲလို Boot တက်လိုက်ရင် Windows XP CD ကနေပြီး repair ဒါမှမဟုတ် recover လုပ်မှာလား ဆိုပြီး မေးတဲ့ အပိုင်းကို တွေ့ပါလိမ့်မယ်။ အဲတာကိုလုပ်ဆောင်ဖို့ "r" ကိုနှိပ်ပါ။

Windows XP administrator password ပေးထားတယ်ဆိုရင် သူက ထည့်ပေးဖို့ တောင်းပါလိမ့်မယ် ထည့်ပေးလိုက်ပါ။ အဲတာပြီးတာနဲ့ သူက ကျွန်တော်တို့ကို command line ရှိရာဆီ ခေါ်သွားပါလိမ့်မယ်။ အဲ့ဒီ့နေရာမှာ အောက်ဖော်ပြပါ commands ကို ရိုက်ထည့်ပြီး Enter ပေးပါ -


fixboot

fixmbr

ပြီးသွားရင် ဒါကို ရိုက်ပါ။

exit

ပြီးသွားရင် Windows XP CD ကို ထုတ်ပြီး Restart ပေးလိုက်ပါ။ အားလုံး အဆင်ပြေတယ်ဆိုရင် XP bootloader ပြန်အလုပ်လုပ်ပြီး Windows XP ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။

Windows Vista ဒါမှမဟုတ် 7 bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်

ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ အရင်ဆုံး Windows Vista/7 installation DVD လိုအပ်ပါတယ်။ ရပြီဆိုရင် ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။

တကယ်လို့ recovery disk တွေရှိရင် ပုံစံတူ သဘောတရားတူ လုပ်ဆောင်လုပ်လို့ ရပါတယ်။ Windows Vista နဲ့ 7 အတွက် Recovery Disc ကို ဒီနေရာကနေရယူနိုင်ပါတယ်။


အဲကနေ Boot တက်လိုက်လို့ Regional settings ကိုရောက်ပြီ ဆိုရင် Location/Keyboard setting ကို ရွေးပေးပြီး next ကိုသွားပါ။ နောက်စာမျက်နှာမှာ "Repair your computer." ကို နှိပ်ရပါမယ်။


အဲကနေ နောက်စာမျက်နှာမှာ အောက်ဖော်ပြပါအတိုင်း Windows Vista/7 installation တစ်ခုခုကို တွေ့ပါလိမ့်မယ်။ ဘာကိုမှာ မရွေးပဲ Next ကို ဆက်သွားပါ။


အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အောက်ဆုံးမှာ ရှိနေတဲ့ "Command prompt" ကို click ပေးပါ။ နောက်ပြီးရင် အောက်ဖော်ပြပါ command တွေကို ရိုက်ပေးပြီး Enter ခေါက်ပါ။



bootrec /fixmbr

bootrec /fixboot

bootrec /rebuildbcd

ပြီးရင် Windows တွေအားလုံးကို ပိတ်ပြီး "Restart" ပေးပါ။

ထည့်ထားတဲ့ Vista/7 DVD ပြန်ထုတ်ပါ။ အားလုံး အဆင်ပြေတယ်ဆိုရင် Windows Vista/7 Bootloader ပြန်အလုပ်လုပ်ပြီး Windows Vista/7 ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။


တစ်ခြား ဒီ့ထက်လွယ်ကူမယ့် နည်းလေးများ ရှိရင် ကူညီပေးလိုက်ကြပါဦး အရပ်ကတို့ရေ

KznT.

0 comments:

Post a Comment