Window CD/DVD များ USB သို့ထည့်နည်း

ကျနော်ရေးပြမှာက Window CD/DVDများကို USB သို့ထည့်နည်းလေးပါပဲ။ တစ်ချို့ကွန်ပျူတာများ CD Rom
ပျက်ဆီးသွားပြီးတာဖြစ်ဖြစ်၊ CD Rom ကနေ ၀င်းဒိုးမထည့်သွင်းပဲ၊ USB Port ကနေ ၀င်းဒိုးထည့်သွင်းချင်
တဲ့ ပုဂ္ဂိုလ်များအတွက် ရည်ရွယ်ပါတယ်။ Notebook မဟုတ်တဲ့ Netbook လက်တော့ပ်ကွန်ပျူတာများအ
တွက် အတော်ကိုအဆင်ပြေပါတယ်။

လုပ်နည်းကလဲအမျိုးမျိုးရှိပါတယ်။ ကျနော်ကတော့ cmd မှာ diskpart (command line) ကိုအသုံး
ပြုပြီး Window CD/DVD များ USB သို့ထည့်တဲ့နည်းကတော့ အကြိုက်ဆုံးပါပဲ။ ဆော့ဝဲလ်တွေနဲ့ဆိုအလုပ်
တောင်ရှုပ်သေးတယ်။ cmd နဲ့ဆို ဘာမှမလိုတော့ဘူး။ cmd ဆိုပြီးခက်တယ်လို့ထင်နေကြတာ။ စမ်းကြည့်ပါ။

ကဲ...စကြရအောင်...

အရင်ဆုံး မိမိဝင်းဒိုး CD/DVD ထည့်မယ့် USB ကို ကွန်ပျူတာ usb port သို့ထိုးထည့်လိုက်ပါ။

ပြီးတော့ ထုံးစံအတိုင်း...Start > Menu> Run ပေါ့ဗျာ။ ဒါမှမဟုတ် Window + R တွဲနှိပ်

Run ဘောက်စ်ပေါ်လာရင် cmd ရိုက်ထည့် Enter ခေါက်

အောက်ပါ command line များအစဉ်အတိုင်းရိုက်ထည့်ပါ.....

diskpart Enter ခေါက်(ခဏစောင့်ပါ)
list disk Enter ခေါက်
select disk 2 Enter ခေါက်(2 ဆိုတာ မိမိ usb နံပါတ်ကိုရိုက်ထည့်ပါ)
clean Enter ခေါက်
create partition primary Enter ခေါက်
select partition 1 Enter ခေါက်
active Enter ခေါက်
format fs=fat32 quick Enter ခေါက်(100% complete ထိစောင့်ပါ)
assign Enter ခေါက်
exit ( exit ရိုက်ထည့်ပြီး enter ခေါက်ပြီးရင် ဒီအတိုင်းထားလိုက်ပါ။ cmd.exe ကို မပိတ်လိုက်နဲ့)

ထိုနောက် ၀င်းဒိုး CD/ DVD များကို ကွန်ပျူတာ CD Rom သို့ထည့်။ ပြီးတော့ CD Rom letter နဲ့ USB
ူletter တို့ကို မှတ်ထားပါ။

ပြီးလျှင် cmd သို့ပြန်ဝင်။ အောက်ပါ command line ကို ဂရုတစိုက်ရိုက်ထည့်ပါ...

xcopy F:\*.* /s/e/f G:\ (F: ဆိုတာ CD Rom letter J: ဆိုတာ usb letter တို့ကိုမှန်
အောင်ရိုက်ထည့်ပါ) Enter ခေါက်။

ဝင်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတာတွေ့ရပါလိမ့်မယ်။
Copied ဆိုတဲ့ စာချောင်းပြီးသွားတာနဲ့ ၀င်းဒိုး CD မှ USB သို့ ဖိုင်တွေ copy ကူးတဲ့ကိစ္စပြီးဆုံးသွားပါပြီး
ခင်ဗျား။ ဒါဆို USB ကို ကွန်ပျူတာသို့ထိုးသွင်းပြီး ၀င်းဒိုးတင်လို့ရပါပြီးခင်ဗျား။

အားလုံးအဆင်ပြေပါစေ....

စောလင်းနက်စ်

any Windows Vista install from Flash Drive

windows 7 ကို USB ကနေ ၀င်းဒိုးတင်နိုင်အောင် ပြောခဲ့ပြီးပါပြီ။ လက်ရှိအသုံးများတဲ့ ၀င်းဒိုးသုံးခုမှာ USB က ၀င်းဒိုးတင်နိုင်ဖို့ အလွယ်ကူဆုံးက windows 7 ဖြစ်ပါတယ်။ application သီးသန့် ရှိပြီးသားဖြစ်လို့ CD burn သလိုပဲ၊ အဲဒီဆော့ဝဲလ် ကို သုံးပြီးတော့ USB drive မှာ burn လိုက်တာပဲ ဖြစ်ပါတယ်။ Vista မှာ ကျတော့ ဒါမျိုးမရတော့ဘူး။ 7 ထက်စာရင်တော့ နည်းနည်းခက်သွားတယ်။ ဒါပေမယ့် ပိုစိတ်ဝင်စားဖို့ ကောင်းတာက ဘာဆော့ဝဲလ်မှ သုံးစရာမလိုပဲ cmd command များကိုသာ အသုံးပြုပြီး bootable USB ဖြစ်အောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။ မခက်ခဲပါဘူး။ အရမ်းကို ရိုးရှင်းပါတယ်။ windows 7 လို ready made မဟုတ်တဲ့အတွက်သာ သူ့ထက် ခက်ခဲတယ်လို့ သတ်မှတ်ပြီး၊ windows 7 အတွက် ရေးပြီးနောက်မှ Vista အတွက် ဆက်ရေးတာဖြစ်ပါတယ်။ ကျနော်ကတော့ အခုနည်းကို ပိုကျေနပ်ပါတယ်။ ကိုယ်တိုင်လုပ်ဆောင်ရတာဖြစ်သလို ဘာ application မှလည်း ထပ်မလိုဘူး။ အချိန်တိုင်းအတွက် အဆင်ပြေပါတယ်။

windows ကို USB ကနေ တင်ဖို့ ကြိုးစားရတာက Netbook တွေပေါ်တာတဲ့ အတွက်ကြောင့်သာ ဖြစ်ပါတယ်။ (အလွယ်မှတ်ချင်ရင် CD/DVD စတဲ့ Optical drive မပါတာကို Netbook လို့ ခေါ်ပြီး၊ ပါတာကို Notebook လို့ ခေါ်ပါတယ်။ အခြားကွဲလွဲချက်တွေလည်း အများကြီးပေါ့။ အလွယ်တကူ ခွဲခြား မှတ်သားနိုင်အောင် ပြောပြတာပါ)။ အခု Vista ကို USB နဲ့ တင်လို့ရတဲ့ windows တစ်ခုရဖို့အတွက် DVD drive အသုံးပြုနိုင်တဲ့ ကွန်ပျူတာ တစ်လုံးလိုပါတယ်။ အဲဒီကွန်ပျူတာမှာ မိမိတင်ချင်တဲ့ windows Vista DVD ကို USB ထဲ bootable ဖြစ်အောင် ထည့်သွင်းပြီးမှ မိမိဝင်းဒိုးတင်ချင်တဲ့ စက်ဆီကို သွားရောက် အသုံးပြုတာဖြစ်ပါတယ်။ ပြီးအောင် ဖတ်ကြည့်လိုက်ပါ။ နားလည်သွားမှာပါ။ (cmd command တွေအကြောင်း ဘာမှမသိသေးသူများပါ နားလည်အောင် command တွေကို တစ်ဆင့်ချင်း ရိုက်ပြသွားပါ့မယ်။ မိမိရိုက်ပေးရမယ့် စာသားများကို အနီနဲ့ မျဉ်းသားပေးထားပြီး၊ ပေါ်လာတာတွေထဲက သတိပြုကြည့်ရှူရန် လိုတာများကို အ၀ါနဲ့ ၀ိုင်းပြထားပါတယ်။ တစ်ခုခု ရေးပြီးတိုင်းလည်း cmd မှ respond ပြန်လာပါတယ်။ အဲလိုပြန်လာတဲ့အထိစောင့်ပေးရမှာဖြစ်ပါတယ်)။

Run မှာ cmd လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ပေါ်လာတဲ့ cmd box မှာ

diskpart လို့ ရိုက်ပြီး Enter ခေါက်ပါ။ အောက်မှာ ၀ိုင်းပြထားတဲ့အတိုင်း Diskpart>> ဆိုပြီး ပြန်ပေါ်လာတဲ့အထိ စောင့်ပေးပါ။

list disk လို့ရိုက်ပါ။ (ဒီစာရေးပြီးတာနဲ့ enter ခေါက်ရမယ်ဆိုတာ အလိုလိုသိပြီးဖြစ်မှာပါ)။ ရေးပြီးရင် အောက်ကပုံမှာ ပြထားတဲ့အတိုင်း list ပေါ်လာတာကို စောင့်ပေးပါ။

select disk 2 ဆိုပြီး ရိုက်လိုက်ပါတယ်။ 2 ဆိုတဲ့ ဂဏန်းက အပြောင်းအလဲ ရှိမှာပါ။ မိမိသုံးမယ့် flash drive က အခု disk နံပါတ် ဘယ်လောက်ဖြစ်နေလဲ ဆိုတာကို size ကိုကြည့်ပြီး သိနိုင်ပါတယ်။ ပုံမှာ ၀ိုင်းပြထားပါတယ်။ မိမိသုံးမယ့် flash drive က disk 1 ဖြစ်နေခဲ့ရင် select disk 1 လို့ ရေးပေးရမှာဖြစ်ပါတယ်။ မိမိသုံးမယ့် drive ကို select လုပ်ပေးတာပဲဖြစ်ပါတယ်။

clean လို့ ရိုက်လိုက်ပါ။ drive မှာ ရှိနေသမျှ data တွေကို ဖြတ်ပစ်ဖို့ ဖြစ်ပါတယ်။

create partition primary လို့ ရိုက်လိုက်ပါ။ drive ကို primary partition ဖြစ်အောင် ခွဲပေးဖို့ ဖြစ်ပါတယ်။

select partition 1 လို့ရိုက်ပါ။ ဒီမှာတော့ 1 က အပြောင်းအလဲ မရှိပါဘူး။ အပေါ်အဆင့်မှာ partition ကို တစ်ခုတည်းသာ ဖန်တီးလိုက်တာဖြစ်ပြီး၊ အဲဒီ partition ကိုပဲ select လုပ်ပေးပါတယ်။

active လို့ရိုက်ပါ။ (ကျနော်ပုံတွေမှာ ပြထားတဲ့အတိုင်း စာတွေ reply ပြန်ပြန်လာပါလိမ့်မယ်။ အခုပြထားတဲ့အတိုင်း တစ်ပုံစံတည်းတူနေမှာပါ)။

format fs=fat32 quick လို့ရိုက်ပါ။ ခုနက ရွေးချယ်ပြီး active ပေးလိုက်တဲ့ partition ကို fat32 type နဲ့ format အမြန်ချမှာဖြစ်ပါတယ်။ ၀ိုင်းပြထားတဲ့အတိုင်း 100 % complete ဖြစ်အောင် စောင့်ပေးပါ။ (quick ဆိုတာ ထည့်မရိုက်ရင်တော့ အကြာကြီးစောင့်ရလိမ့်မယ်)

assign လို့ရိုက်ပါ။ ရိုက်ပြီးတာနဲ့ USB drive ရဲ့ autorun တက်လာပါလိမ့်မယ်။ ပိတ်သာ ပိတ်ပေးလိုက်ပါ။ (ဖွင့်ကြည့်လည်းရပါတယ်။ format ချထားတာဖြစ်လို့ ဘာမှမရှိပါဘူး။ ဖွင့်ပြီး ထည့်ပေးစရာဘာမှ မလိုတဲ့အတွက် ပိတ်လိုက်ဖို့ပြောတာပါ)။

exit လို့ ရေးလိုက်ပါ။ Diskpart>> ဆိုတဲ့အထဲက လွတ်သွားပြီဖြစ်ပါတယ်။ အခု USB ကို ၀င်းဒိုး bootable လုပ်ပေးနိုင်တဲ့ primary partition ဖြစ်အောင် ပြုလုပ်ပြီးသွားပါပြီ။ နောက်တစ်ဆင့်အနေနဲ့ windows ခွေကို USB ထဲ ကူးထည့်ပါမယ်။ (iso ကို winrar နဲ့ ဖြည်ပြီး ဖိုင်အားလုံးကို ကူးထည့်ပေးလိုက်ရင်လည်း boot တက်ပါတယ်။ ဒါပေမယ့် ၀င်းဒိုးတင်တဲ့အခါ ဒုတိယအဆင့်ဖြစ်တဲ့ files extraction လုပ်တဲ့အခါမှာ error တက်တာမျိုး ကြုံရတတ်ပါတယ်)။ အဲဒါကြောင့် cmd ကနေ command ပေးပြီး copy လုပ်တဲ့နည်းကိုပဲ သုံးပါတယ်။ မိမိသုံးချင်တဲ့ windows Vista DVD ကို drive ထဲထည့်ပါ။ DVD drive ရဲ့ letter ကိုကြည့်ပါ။ (drive letter ဆိုတာက ၀င်းဒိုးတင်ထားတဲ့အပိုင်းဆိုရင် C:\ ။ အခြားအပိုင်းတွေဆို D, E စသဖြင့်ပေါ့။ မိမိ ခွေထည့်လိုက်တဲ့ Drive letter က ဘာလဲကြည့်ပါ)။ ၀င်းဒိုးထည့်မယ့် USB flash drive ကိုလည်း ဘာ letter လဲကြည့်ပါ။ ကျနော့်စက်မှာတော့ DVD drive က G ဖြစ်ပြီး၊ သုံးမယ့် flash drive က J ဖြစ်ပါတယ်။

လို့ရိုက်လိုက်ပါတယ်။ xcopy ဆိုတာကို ရေးပြီး copy လုပ်ဖို့ ပြောလိုက်ပါတယ်။ space တစ်ချက် ခြားပါတယ်။ G ဆိုတာက DVD drive ရဲ့ letter ဖြစ်ပါတယ်။ မိမိ Drive letter အတိုင်း ပြောင်းရိုက်ပေးပါ။ drive တစ်ခုရဲ့ location ကို ညွှန်းတာဖြစ်လို့ လို့ရေးပါတယ်။ *.* ဆိုပြီး စတားရယ်၊ fullstop ရယ်၊ စတားရယ်ကို ဆက်ရေးပါတယ်။ space တစ်ချက်ခြားပြီး /s/e/f လို့ရေးပါတယ်။ space တစ်ချက် ထပ်ခြားပြီး flash drive ရဲ့ letter ကို ရေးပါတယ်။ ကျနော့်မှာက J ဖြစ်လို့ လို့ ရေးလိုက်တာပါ။

ပုံမှာ မြင်ရတဲ့အတိုင်း file တွေကို copy လုပ်နေတာကို တွေ့ရပါလိမ့်မယ်။ စောင့်ပေးပါ။

အခုပြထားတဲ့အတိုင်း ဖိုင်အရေအတွက် ပြလို့ copied ဆိုပြီး ပြောခဲ့ရင်တော့ copy ကူးလို့ ပြီးပြီ ဖြစ်ပါတယ်။ exit လို့ ထပ်ရိုက်ပြီး cmd ကို ပိတ်လိုက်နိုင်ပါတယ်။

(copy ကူးတဲ့ command ကို မရှင်းမှာ စိုးတဲ့အတွက် ထပ်ရှင်းပြပါ့မယ်။ အောက်က ပုံမှာ ပြထားတဲ့အတိုင်း မိမိရဲ့ DVD drive က R ဖြစ်ပြီး၊ flash drive က G ဖြစ်ခဲ့တယ် ဆိုပါစို့။

လို့ ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်)။

ဒါဆိုရင်တော့ USB drive မှာ windows burn တာ ပြီးသွားပြီ ဖြစ်ပါတယ်။ DVD drive ရှိတဲ့ စက်မှာပဲဖြစ်ဖြစ်၊ မရှိတဲ့ စက်မှာပဲဖြစ်ဖြစ် ဒီ flash drive ကို သုံးပြီး windows Vista ကို install လုပ်နိုင်ပြီဖြစ်ပါတယ်။ လုပ်နည်းကတော့ အခုလိုလုပ်ပြီးတဲ့ flash drive ကို တင်ချင်တဲ့ ကွန်ပြူတာမှာထိုး၊ စက်ဖွင့်ပြီး boot menu ကို ခေါ်ပါ။ (boot menu ခေါ်ဖို့ shortcut key မပါတဲ့ (သို့) မသိတဲ့ စက်တွေက BIOS ထဲမှာ USB drive ကို first boot ဖြစ်အောင်ပြောင်းပေးပါ)။ ပြီးရင် boot ကို USB drive ကနေ ယူပေးလိုက်။ loading စလုပ်ပြီး windows installing အတွက် ပြင်ဆင်ပေးပါလိမ့်မယ်။ ကျန်တာအားလုံးကတော့ DVD က တင်တာနဲ့ တူတူပဲပေါ့။ သုံးတဲ့ stick ကသာ speed ကောင်းခဲ့ရင် ခွေနဲ့ တင်ထာထက်ကို မြန်ပါတယ်။ ကျနော့်ကို အဆင့်ကျော်ပြီး ရေးတယ်လို့ ပြောတဲ့လူများတဲ့အတွက် အတတ်နိုင်ဆုံး step by step ရေးပေးထားပါတယ်။ ဒီလောက်ဆိုရင် နားလည်မယ်လို့ ထင်ပါတယ်။ ၀င်းဒိုးတင်တတ်သူတွေ အနေနဲ့တော့ ဒီလောက်ဆိုရင် အဆင်ပြေသွားပါပြီ။ လုံးဝ ၀င်းဒိုးမတင်တတ်သေးဘူး ဆိုရင်တော့ ကျနော့် PC တပ်ဆင်ခြင်း ဆောင်းပါးရဲ့ နောက်ဆက်တွဲဖြစ်တဲ့ PC စတင် အသုံးပြုနိုင်ရန် ဆိုတာကို မျှော်ပေးကြပါ။ ဒီခေတ် ဒီအခါ နဲ့ ၀င်းဒိုးတင်တာကို ရေးဖို့ အားမရှိပေမယ့်၊ PC တစ်ခု ပိုင်ဆိုင်နိုင်ဖို့အတွက် ရေးသားခဲ့တာမှာ ၀င်းဒိုးတင်တာကလည်း ဒီလမ်းကြောင်းပေါ် ရောက်နေတော့ အဲဒီမှာပဲ အဆင်ပြေအောင် ထည့်ရေးပေးပါ့မယ်။ ထုံးစံအတိုင်း မသိသေးတဲ့သူတွေ အတွက် အဆင်ပြေနားလည်နိုင်ဖို့အပြင်၊ သိပြီးသားသူတွေအတွက်လည်း အကျိုးအမြတ်ကျန်နိုင်တဲ့ ဆောင်းပါးတစ်ခုဖြစ်အောင် ကြိုးစားရေးသားပေးပါ့မယ်။ … မကြာမှီ … မျှော် ….း)

ကျေနပ်မယ်လို့ ထင်ပါတယ်။ အဆင်ပြေပါစေဗျာ … (wp က မျဉ်းစောင်းတစ်ဖက် မပေါ်ဘူးဖြစ်နေတယ်။ အဲဒါနဲ့ အောက်ပိုင်းက ရေးရမယ့် စာတွေကို ပုံနဲ့ ပြောင်းပြလိုက်ရတယ်။ pdf မှာတော့ အပေါ်က command တွေအတိုင်း ရှင်းလင်းအောင် ရေးထားပါတယ်)။

Ref: http://thanlonnge.net/2010/03/06/any-windows-vista-install-from-usb-flash-drive/

Install Windows 7 with USB Drive

Install Windows 7 with USB Drive

ဒီနည်းလေးက ကျွန်တော်တွေ့ထားတာတော့ ကြာပါပြီ ဒါပေမယ့် သေသေချာချာ မဖတ်ဖြစ်ခဲ့ပါဘူး.... အခု အသုံးလိုမယ် သူရှိတော့ ကျွန်တော်လည်း စမ်းကြည့်လိုက်တယ် ... အဆင်ပြေပါတယ်... Internet ထဲမှာတော့ ရေးထားတာ နည်းတော်တော် စုံပါတယ်... အဲဒီအထဲက ကျွန်တော် လုပ်လို့ အဆင်ပြေတဲ့ နည်းလေးကို ပြောပြပါမယ်....ဒီလိုတင်ဖို့ အတွက် အနည်းဆုံး 4 Gigabyte ရှိတဲ့ USB Drive တစ်ခု ရယ် UltraIso software လိုမှာ ဖြစ်ပါတယ်...UltraISO ကို ဒီမှာ(zshare 3.38M) ဒေါင်းပါဗျာ...

၁။ USB Drive ကို Computer မှာ တပ်ပြီးတော့ Run မှ cmd ရိုက်၍ Command Prompt ကိုခေါ်ပါ...

၂။ Command Prompt မှာ DISKPART လို့ရိုက်ပါ...

၃။ DISKPART> လို့ပေါ်လာရင် list disk ကိုရိုက်ပါ...(DISKPART> list disk) အဲဒါဆိုရင် Computer မှာ တပ်ဆင်ထားတဲ့ HDD နဲ့ USB Drive တွေရဲ့ List ပေါ်လာမှာ ဖြစ်ပါတယ်...

This image has been resized. Click this bar to view the full image. The original image is sized 651x98.

၎။ ကျွန်တော်တို့ တပ်ထားတဲ့ USB Drive ကို List ထဲမှာ ကြည့်ပါ... size ကိုကြည့်ပြီးတော့ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်...အဲဒီ Drive ကို ကျွန်တော်တို့ သုံးမှာ ဖြစ်တဲ့ အတွက် select disk 2 လို့ရေးပြီးတော့ select လုပ်ပါမယ်...(ကျွန်တော်က HDD နှစ်လုံးတပ်ထားလို့ disk နံပါတ် 2 ဖြစ်သွားတာပါ... Disk ရွေးတာ မမှားဖို့ အရေးကြီးပါတယ်... အောက်ကပုံလေးနဲ့ အပေါ်က ပုံလေးကို သေချာကြည့်ပြီးတော့ ရွေးချယ်ပါ... )

၅။ ရွေးချယ်ထားတဲ့ Disk ကို clean လုပ်ဖို့ အတွက် DISKPART မှာ clean ရိုက် enter ခေါက်ပါ...(DISKPART> clean)

၆။ Primary partition တစ်ခုလုပ်ဖို့ အတွက် create partition primary ရိုက် enter ခေါက်ပါ...(DISKPART> create partition primary )...

This image has been resized. Click this bar to view the full image. The original image is sized 496x50.

၇။ အဲဒီ partition ကို select လုပ်ဖို့အတွက် select partition 1 ရိုက် enter ခေါက်ပါ...(DISKPART> select partition 1)...

၈။ active ဖြစ်အောင်လုပ်ဖို့ အတွက် active ရိုက် enter ခေါက်ပါ...(DISKPART>active )...

၉။ Drive ကို FAT32 အဖြစ် Format ချပါဖို့အတွက် format fs=fat32 ရိုက် enter ခေါက်ပါ...(DISKPART> format fs=fat32 )...100% complete ဖြစ်တဲ့ အထိစောင့်ပါ...

This image has been resized. Click this bar to view the full image. The original image is sized 677x73.

၁၀။ Drive ကို Drive Letter တစ်ခုရအောင်လုပ်ဖို့ အတွက် assign လုပ်ပါမယ်... assign ရိုက် enter ခေါက်ပါ...(DISKPART> assign )... ပြီးတဲ့ အခါ exit လို့ရိုက်လိုက်ပါ...

This image has been resized. Click this bar to view the full image. The original image is sized 569x85.

အခုအခါ ကျွန်တော်တို့ Windows 7 ရဲ့ ISO file ကို ထည့်ဖို့ အတွက် အသင့်ဖြစ်နေတဲ့ USB Drive ကိုရနေပါပြီ...

၁၁။ ကျွန်တော်က UltraIso ကို install လုပ်ပြီးတော့ Windows 7 ရဲ့ ISO file ကို right-click လုပ်ပြီးတော့ UltraISO --> Extract to လုပ်ပြီးတော့ USB Drive ထဲကို Extract လုပ်ခိုင်းလိုက်ပါတယ်...

This image has been resized. Click this bar to view the full image. The original image is sized 815x360.

၁၂။ အဲဒါပြီးရင် Windows 7 ရဲ့ ISO file ကို Right-Click ပြီးတော့ Mount to Dirve : လုပ်လိုက်ပါ... ဒါဆိုရင် Windows 7 ရဲ့ ISO ဖိုင်က UltraISO ရဲ့ Virtual Drive ထဲမှာ ရောက်နေပါပြီ...အဲဒီ အခါ ခုနက command prompt ကို ပိတ်ထားရင် ပြန်ဖွင့်လိုက်ပါဦး...

၁၃။ N:\boot\bootsect.exe /nt60 J: လို့ ရိုက်ပါ... (N: နေရာတွင် UltraISO ၏ Virtual Drive နာမည် နှင့် J: နေရာတွင် USB Drive ၏ နာမည် ဖြစ်ရပါမယ်...[Virtual ROM]:\BOOT\BOOTSECT.EXE /NT60 [USB FLASH DRIVE]...)

This image has been resized. Click this bar to view the full image. The original image is sized 677x238.

၁၄။ command prompt ကိုပိတ်လိုက်ပါ... Windows တင်ဖို့ အသင့်ဖြစ်နေတဲ့ USB Drive ကို ရရှိပြီဖြစ်ပါတယ်...

Click this bar to view the full image.

၁၅။ Computer ကို Restart ပေးပြီးတော့ Delete (for Desktop) နှိပ်ပြီးတော့ BIOS setup ထဲကိုဝင်ပါ... Boot မှာ Hard Disk Drive ကို USB Drive ကိုပြောင်းပေးပြီးတော့ F10 နှိပ်ပြီး save and exit လုပ်လိုက်ပါ... restart ဖြစ်သွားပြီးတော့ Windows 7 ကို တခါတည်း တင်ပေးသွားမှာ ဖြစ်ပါတယ်...

Windows 7 ကို အဆင်ပြေစွာ သုံးနိုင်ပါစေဗျာ...

မင်းသီဟထွန်း (မြန်မာမိသားစုဖိုရမ်)