window 7 အတွက် Driver မလိုပါ

ညီနေမင်း


မေးတာလဲ လူတိုင်းနီးပါးပါပဲ . ကျွန်တော်လဲ မထူးဘူးဆိုပြီး ပို့စ်တင်လိုက်ပါတယ် . window 7 ရဲ့ အားသာချက် တစ်ခုထဲမှာ driver အတွက် တင်စရာမလိုလို့ပါပဲ . ဘယ် PC ပဲဖြစ်ဖြစ် VGA driver, sound driver, motherboard driver နဲ့ အခြားအခြားသော driver များကို မလိုအပ်ပါဘူး . driver ပျောက်ဆုံးနေတဲ့သူများ . driver cd မရှိသူများ . လက်ရှိရှိနေတဲ့ driver cd များကို အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်လို့ရပါပြီ. window 7 ဟာ driver auto detact ပါ . တစ်ကယ့်ကို ဆရာကျတယ်ဗျာ . လူတိုင်းနီးပါ crazy ဖြစ်ကြတဲ့အထဲမှာ driver မလိုအပ်တဲ့ အချက်ကလဲ တစ်ချက်ပါတယ် . ပြီးတော့ သူ့ရဲ့အပြင်အဆင်ကလဲ တစ်ကယ်ကို လှပတယ် . ပေါ့ပါးလာတယ် . အင်တာနက်သုံးတာ ပိုပြီးမြန်ဆန်လာတယ် . အင်တာနက် အသုံးပြုတဲ့အချိန် မြန်ဆန်မှုထဲမှာ browser ကလဲ တစ်ခန်းတကဏ္ဍပါဝင်ပါတယ် . 7 သုံးတဲ့သူများတွေဟာ အခုဆိုရင် ကမ္ဘာမှာ ခဏလေးနဲ့ကို လူတိုင်း နီးပါးဟာ window xp ရဲ့ အားနည်းချက်နဲ့ vista ရဲ့ အဆမတန်နေရာ ယူမှုတွေကို စွန့်လွှတ်ပြီး window 7 ကို ဖက်ကို လုံးဝကို ခုန်ကူးလာကြတာဟာ window 7 ရဲ့ စွဲဆောင်မှုအားကောင်းတဲ့ အချက်တွေကြောင့်ဆိုရင်လဲ မမှားပါဘူး .

Window 7 တရားဝင် စတင်ဖြန့်ချီ

Window 7 မနေ့က စတင်ပြီး Microsoft ကုမ္ပဏီက တရားဝင်စတင်ဖြန့်ချီလိုက်ပြီးဖြစ်
သည်။ ကျနော် ဘီဘီစီသတင်းနားထောင်ရင်း အဲဒီသတင်းကိုရရှိခဲ့တာဖြစ်ပါတယ်။ Window7
OS တွေကတော့ လောလောဆယ် ရရှိဖို့နည်းနည်းခက်အုံးမယ်။ ကျနော်တို့လို ကော်ပီသမားအ
တွက်ပါ။ ဒါပေမယ့် အင်တာနက်ကနက်ရှင်းကောင်းရင်တော့ မကြာပါဘူး share တွေ လာပါ
လိမ့်မယ်။ နည်းပညာရှယ်တဲ့လူတွေကို ကျေးဇူးတင်ဖို့ကောင်းပါတယ်။သူတို့ကိုအားကိုးရမှာပဲ...

အိုကေ ပြောချင်တာက Window 7 တရားဝင်ဖြန့်ချီလိုက်ပြီးဆိုတာကို ကျနော်လိုပဲ မသိသေး
သူများအတွက် သတင်းကောင်းပါးလိုက်ပါတယ်။

ဒေါင်းချင် စမ်းချင်တယ်ဆိုရင် Mynamar World Wide ၀က်ဘဆိုက်က်ကို
ညွန်းပေးလိုက်မယ်။ အင်တာနက်ကနက်ရှင်းကောင်းရင် စမ်းကြည့်။

Operation System ထည့်သွင်းပုံပါလိုချင်လား ဒီဆိုက်ကိုသွားပါ Window7 ထည့်သွင်း
ပုံကို ပုံနှင့်တကွပြပါလိမ့်မယ်။

အောက်ကဓာတ်ပုံကတော့ Google News မှာ ယူထားပါတယ်ခင်ဗျား...
(တော်ကြာ တရားစွဲခံရမှာကြောက်လို့ ကော်ပီယူတဲ့နေရာဖေါ်ပြလိုက်တာနော်။ Copyright
ကလဲ ကြောက်စရာကောင်းသား...မသိအောင်ယူပါတယ်ဆိုမှ ပိုင်ရှင်တွေက သိတယ်ဗျ...)



Employees of Microsoft's first store greet their customers in Scottsdale, Ariz.. The same day, Microsoft launched Windows 7, its first new operating system since Windows Vista got its bumpy start in 2006. (Laura Segall / Getty Images / October 22, 2009)

စောလင်းနက်စ်