Protect your computer with Avast Antivirus

Avast Antivirus နဲ့ ကိုယ့်ရဲ့ကွန်ပျူတာကို ကာကွယ်ရအောင်။ တစ်ခြား Kasper
sky, AVG, Norton, Eset, Avira anti virus software တွေအများကြီး
ပေါ့ဗျာ။
ကျနော်ကတော့ Avast Antivirus ကိုပဲအသုံးပြုခဲ့ပါတယ်။ အကြောင်းကတော့ တစ်
ခြား anti virus နဲ့ဆိုင်ရင် ဖရီးတောင်းရတာပိုပြီးလွယ်ကူလို့ပါပဲ။ အရင်ဗားရှင်းတွေက
ကီးရဖို့နည်းနည်းဖို့ register အရင်တင်ရတယ်။ ပြီးတော့ ကိုယ့်အီးမေးလ်ကနေ ကီး
တွေပို့လာမယ်။ အဲဒီရလာတဲ့ ကီးနဲ့ activate ပြန်လုပ်မှ ဖရီးတစ်နှစ်ရတာ။

အခုဗားရှင်းကျတော့ ပိုပြီးလွယ်ကူပါတယ်။ အောက်ကပြထားအတိုင်း Avast.exe ကို
မောင်းလိုက်ပြီးရင် register ကိုသာတင်လိုက်ပါ။ ဖရီးတစ်နှစ်ရမှာသေချာပါတယ်။

{ ကြိုတင်ပြီး free register တင်လဲရပါတယ်။ ကြိုတင်ပြီး register လုပ်ပြီး
အီးမေးလ်ကနေ ပို့လာတဲ့ကီးနဲ့ အင်စတောမောင်းပြီးရင် ကီးသွင်းလိုက်ရုံဖြင့် ဖရီးတစ်
နှစ်ရတာပေါ့ ကြိုတင် register လုပ်ချင်ရင်
ဒီဆိုက်ကနေ သွားလိုက်ပါ။ }

+/- အပြည့်အစုံသို့

Avast Anti virus ထည့်သွင်းနည်း

Avast Anti virus.exe ကို ဒီမှာဒေါင်းလုဒ်ပါ
ဖရီးဆိုတာကို ဒေါင်းပါ။ ပိုက်ပိုက်နဲ့ဆိုရင် ကျန်တာကိုဒေါင်းပေါ့။

Avast Anti virus.exe ကို Double Click ပေးပြီးလျှင် အောက်ကပုံတွေ
အတိုင်းအဆင့်ဆင့်သွားလိုက်ပါ။

အင်စတောထည့်သွင်းပြီးရင် Avast Anti virus အိုင်ကွန်ကို Double Click

ပေါ်လာတဲ့ဘောက်စ်ထဲမှာ Register ကိုနှိပ် ပြီးတော့ Register Now ကို ဆက်
နှိပ်ပြီး Register Form တွင် ပြထားတဲ့အဆင့်အတိုင်း အားလုံးဖြည့်လိုက်ပါ။ အာလုံး
ပြီးရင် အောက်ဆုံးက Register ဆိုတာကိုနှိပ်။

ပြီးလျှင် thank you for avast registration ဆိုပြီးပေါ်လာမည်။ ဒါပါပဲဗျာ..

Anti virus ကို update တော့လုပ်ထားဖို့လိုတယ်။ update လုပ်ရင် အစဆို
နည်းနည်းတော့ကြာတယ်။ ပြီးတဲ့အထိစောင့်နေလိုက်ပါ။

အဆင်ပြေပါစေ...

စောလင်းနက်စ်

ESET NOD32/ESET Smart Security "Error communicating with kernel"

မိမိစက်မှာ ESET NOD32/ESET Smart Security တင်ထားတဲ့ပုဂ္ဂိုလ်များ
"Error communicating with kernel" ဆိုပြီးကြုံရတတ်ပါတယ်။ အဲဒါကို
ဖြေရှင်းတဲ့နည်းလေးပေါ့ဗျာ။

Start Menu > Run or Window + R ကို နှိပ်ပြီး msconfig ကိုရိုက်ထည့်။
+/- အပြည့်အစုံသို့

System Configuration Utility ပေါ်လာမည် start up ကိုနှိပ်ပြီး ဘောက်စ်တွင်
egui ကိုလေးထောင့်ကွက်တွင် အမှန်ခြစ်မရှိရင် ပြန်ခြစ်လိုက်ပါ (ရှိပြီးသားဆို
ရင် အဲဒီအတိုင်းပဲထားလိုက်ပါ)

နောက်ပြီး Menu က Service ကိုနှိပ်၊ ဘောက်စ်တွင် Eset HTTP Server နဲ့
Eset Service လေးထောင့်ကွက်တွင် အမှန်ခြစ်လိုက်ပါ။

ကွန်ပျူတာကို Restart ပေါ့ဗျာ။

အဆင်ပြေပါစေ...

စောလင်းနက်စ်

USB Disk Security

စောလင်းနက်စ်

USB နဲ့ ပတ်သက်တဲ့ virus အတွက် ကာကွယ်ပေးတဲ့အကောင်းဆုံး ဆော့ဖ်တ်ဝဲ
တစ်ခုဖြစ်ပါတယ်။ လိုချင်သူများအတွက် အောက်ပါလင့်အတိုင်းဒေါင်းနိုင်ပါတယ်။
ဇစ်ဖိုင်နဲ့တင်ထားပြီး အင်စတော့လဲလွယ်ပါတယ်။

Download Links

Mediafire

မူရင်းလင့်

Mgy Virus ( mgy.exe ) အပြတ်ရှင်းရန်

စောလင်းနက်စ်

ဒီ mgy virus အကြောင်းကို ဘာဖြစ်လို့ အများကြီးတင်ထားရတာလဲဆိုတော့ ဒီတစ်ရက်နှစ်ရက်အတွင်း ဒီvirusနဲ့ပဲ
နပန်းလုံးနေရလို့ တွေ့သမျှသူ့အကြောင်းကို စုစည်းတင်ထားတော့တာပဲ။ ကျနော့်ကွန်ပျူတာရော သူငယ်ချင်းကွန်ပျူတာ
တွေပါ တော်တော်အလုပ်ရှုပ်ခဲ့တယ်။ ဒါကြောင့် ဒီmgy virus cleanerသည် mgy virusကို အပြတ်ရှင်းလင်းပါ
လိမ့်မည်။

ယခုလအတွင်း mgy virus ( mgy.exe ) Magway FC virus သည် ကွန်ပျူတာများအတွင်းသို့ ကူးစက်ပျံနှံနေသည် mgy virus ၀င်ပါက စက်ကိုလေးလံစေပြီး Task Manager, Folder Options, registry, command prompt, Search Menu တို့ကို ဖွင့်၍မရပဲ၊ တစ်ခါတစ်ရံ Taskbar ညာဘက်ထောင့်တွင့် Magway FC Logo တက်လာပါတယ်။

mgy virus ( mgy.exe ) cleaner ကို free download ဆွဲပြီး virus ၀င်နေသော စက်တွင် run ၍ ရှင်းလင်းနိုင်ပါသည်။

အသုံးပြုနည်း

1.zip file ကိုဖြည်လိုက်ပါ
2.zip file ကိုဖြည်ပြီး ရရှိလာတဲ့ folder ကိုဖွင့်ပြီး ထိုဖိုဒါတွင် processExploror ကို ထပ်ဖွင့်ပါ။ ထိုနောက်
ပုံမှာပြတဲ့အတိုင်း လိုက်လုပ်ပါ။ (ဒါမှမဟုတ် MgyVirusCleaner Readme pdf file ကို ဖတ်ပါ)

3.ထိုနောက် mgyviruscleaner ကို ကလစ်နှစ်ချက်နှိပ်။
ခဏစောင့်ပြီး ကွန်ပျူတာကို Restart ချပါ။

ဒေါင်းလုဒ်ရန်လင့်များ
MgyVirusCleaner.zip

Mediafire Link:
mgy virus cleaner

Ref:Ma Yupa (Myanmar IT Pro)

ဒီတလော သောင်းကျန်းနေတဲ့ mgy.exe virus

Mgy.exe ကို စတွေ့ရတာကတော့ 2009 ဒီဇင်ဘာမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ် 15.6 MB ရှိပါတယ်။ မကွေးဖက်ဖ်စီကို အားပေးတဲ့ ပရိတ်သတ်တစ်ယောက်ကနေ ဖြန့်တာလို့ ယူဆရပါတယ်။ မကွေးဖက်ဖ်စီ လိုဂိုနဲ့ taskbar အပေါ်နားမှာ ပေါ်လာတတ်လို့ပါ။
mgy.exe တွေ့ရတဲ့နေရာတွေကတော့ C:\ , C:\Windows\ , C:\Windows\system32 နဲ့ အခြားသော partation တွေမှာ hidden file အနေနဲ့ တွေ့ရပါတယ်။
သူရဲ့ Action ကတော့ Task Manager, Regedit, cmd, Search စတာတွေကို ပိတ်ပါတယ်။ Folder Option ကိုတော့ ဖွင့်ထားပေးပြီး Do not show hidden files and folders နဲ့ Hide protecetd operation system files ကိုတော့ ပြင်လို့မရပါဘူး။
သူ့ကိုရှင်းဖို့အတွက် သုံးမယ့်ဆော့ဖ်ဝဲလ်တွေကတော့
Task Killer, CCleaner, iRepairMan ဖြစ်ပါတယ်။ ဆော့ဖ်ဝဲလ်တွေနဲ့ Manual သတ်နည်း ကို ဒီမှာ http://sharebee.com/8ba187a4 တင်ပေးထားပါတယ်။
ပထမဆုံး CCleaner နဲ့ task killer တွေကို install လုပ်ပါမယ်။
task killer ကို run လိုက်ပါ။ taskbar မှာ အရိုးခေါင်းပုံနဲ့ ပြထားပါလိမ့်မယ်။ အဲဒီပုံကို Right click ပေးပြီး Settings ကို ၀င်လိုက်ပါ။ Process မှာ Show full path ကို check mark ပေးလိုက်ပါ။

Comfirmations မှာ No confrimation ကိုရွေးပါမယ်။
အရိုးခေါင်းကို နှိပ်ကြည့်လိုက်ရင် windows မှာ run နေတဲ့ process တွေကို တွေ့ပါလိမ့်မယ်။

အနီနဲ့ ပြထားတာတွေကတော့ Mgy.exe နဲ့ သူ့ရဲ့ အနွယ်အပွားတွေဖြစ်ပါတယ်။
အဲဒီ process တွေကို လိုက် ကလစ်လိုက်ပါ။ List ထဲမှာ မပြတော့တဲ့အထိ (လိုအပ်ရင်) ထပ်ခါထပ်ခါ လိုက်ပိတ်ပါ။
အနီပြထားတဲ့ .exe တွေမရှိတော့ရင် iRepairman.exe ကို Run လိုက်ပါ။

Repair All Settings ကိုနှိပ်ပေးပါ။ Hidden ဖြစ်နေတဲ့ mgy.exe နဲ့ autorun.inf တွေပေါ်လာပါလိမ့်မယ်။ တကယ်လို့မရရင် foldersettings.reg ကို Run ပေးပါ။ ပြီးသွားရင် mgy.exe နဲ့ autorun.inf တွေကို လိုက်ဖျက်လိုက်ပါ။ C:\ , C:\Windows , C:\Windows\System32 နဲ့ အခြားသော Partation တွေမှာပါ လိုက်ဖျက်ပေးပါ။ ပြီးရင် address bar ကတဆင့် C:\WINDOWS\system32\{271287-000021-100287-705016} ကိုသွားပြီး အဲဒီထဲက ဖိုင်တွေ အားလုံးဖျက်ပစ်ပါ။
သတိထားရမှာကတော့ ဒီနေရာမှာ C:\ , D:\ တို့ကို ၀င်တဲ့အခါ double click မသုံးမိဖို့ပါပဲ။ double click အစား Right click ကနေ Explorer ကို သုံးပေးပါ။

နောက်တဆင့် အနေနဲ့ CCleaner ကိုဖွင့်ပါ။ Tools > Startup ကိုသွားပါ။
အနီနဲ့ ပြထားတဲ့ program တွေကို Disable လုပ်ပေးပါ။ ပြီးရင် Windows ကို Restart လုပ်ပေးပါ။
နောက်ဆုံးအနေနဲ့ ဆော့ဖ်ဝဲလ် install/uninstall ပိတ်ထားတာကို Group Policy ကနေပြန်ပြောင်းပါမယ်။
Administarator အနေနဲ့ Login ၀င်ပေးပါ။ Control panel ထဲက Administrative Tools ကိုသွားပါ။ Local Security Setting ကိုဖွင့်ပါ။ Software Restriction Policies ကိုရွေးပါ။ အဲဒီပေါ်ကို Right Click နဲ့ Create New Policies ကိုရွေးပေးပါ။

Enforcement ကို Double click ပေးပါ။ All users except local administrators ကိုရွေးပေးပါ။ ပြီးရင် Apply လုပ်လိုက်ပါ။ စက်ကို Restart လုပ်ပေးလိုက်ပါဦး။ ဒါဆိုရင် အားလုံးပြီးသွားပါပြီ။

အဆင်ပြေမယ်လို့ ယူဆပါတယ်။ ကျွန်တော်လည်း အဲဒီနည်းနဲ့ စက်အတော်များများ ရှင်းပေးခဲ့ရလို့ပါ။

MysteryZillion.org မှာလည်း mgy.exe ကို သတ်နည်း အရင် ရေးခဲ့ပါသေးတယ်။ ဒီပိုစ့်ကတော့ ပုံတွေနဲ့ သေချာရှင်းပြထားတာပါ။ အဆင်ပြေကြပါစေ။

ဒီကနေကူးယူထားတာပါခင်ဗျာ။ ကျေးဇူတင်ပါတယ် ခင်ဗျာ။
source:IT Menhttp://forcedcashgifts.com/?ref=sbsangpi