ကျနော်အခုရေးပြချင်တာ မိမိကွန်ပျူတာရဲ့ Task Bar မှာ Language Bar ပေါ်အောင်လုပ်တဲ့နည်းလမ်းကလေးပါ။
သိတဲ့ပုဂ္ဂိုလ်များအတွက်လွယ်တယ်ဆိုပေမယ့် မသိသေးသောပုဂ္ဂိုလ်များအတွက်အားလုံးဟာ တန်ဖိုးရှိတာချည်းပါပဲ။
LanguageBar ဆိုတာ Font နှစ်မျိုး သုံးမျိုး (သို့မဟုတ်) Keyboard Installer နှစ်ခု သုံးခုအလွယ်တကူ
အသုံးပြုနိုင်အောင်ပြုလုပ်ထားတဲ့ Tool တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့သင်္ကေတက အောက်ပါပုံမှာလေးထောင့်ကွက်နဲ့ ပြထားတဲ့အိုင်ကွန်ဖြစ်ပါပဲ။

Language Bar ဟာ ကျနော်တို့အတွေ့များတာက Zawgyi Keyboard Installer ကိုထည့်သွင်းပြီးတဲ့အခါမျိုး
Task Bar မှာ အော်တိုမက်တစ်ပေါ်လာတတ်ပါတယ်။ ဒါကလဲ တစ်ချို့ဝင်းဒိုး system က အလိုအလျှောက်ချိန်းပေး
ပါတယ်။ ကျနော်အဓိကပြောလိုသည်မှာ မိမိက အင်စတောလာတစ်မျိုးမျိုးကိုထည့်သွင်းပြီးဖြစ်ပါလျှက်နဲ့ Task Bar မှာ
Language Bar မပေါ်ခဲ့ရင် ပြုလုပ်နိုင်မည့်နည်းလမ်းလေးညွန်ပြချင်တာဖြစ်ပါတယ်။
ကဲ...စရအောင်...
Control Panel > Regional and Language ကိုနှိပ်
Keyboards and Language ကိုနှိပ်ပြီး
Change Keyboards ဆက်နှိပ်။
( Window XP ဆို ဒီနေရာမှာ Function တွေ အနည်းငယ်ကွဲပြားမှုလေးတွေရှိနိုင်တယ်)

အကယ်၍ မိမိအင်စတောထည့်သွင်းထားတဲ့
Zawgyi Keyboard Installer က အောက်ပါပုံအတိုင်း မပေါ်ခဲ့ရင်
Add ကိုနှိပ်။ ပေါ်ရင် Add နှိပ်ရန်မလို။
Default input language မှာ
English (United States) US ကိုသာ
ရွေးပါ။ တစ်ခြား Language ကိုရွေးခဲ့ရင် ၀င်းဒိုး ပါတ်စ်ဝါဒ်ခံထားတဲ့စက်တွေမှာ ပြန်ဖွင့်တဲ့အခါ ဒုက္ခရောက်နိုင်
တယ်နော်။

နောက်ဘောက်စ်တွင်
Scroll Down ကိုစွဲချပြီး
Zawgyi Keyboard ကိုလိုက်ရှာပါ။ တွေ့ရင် လေးထောင်းကွက်
ကိုအမှန်ခြစ်ပြီး။ OK ( Window XP ဆို ဒီနေရာမှာ Function တွေ အနည်းငယ်ကွဲပြားမှုလေးတွေရှိနိုင်တယ်)

Menu တွင်
Language Bar ကိုပြန်နှိပ် >
Docked in the Task Bar ကို အမှန်ခြစ်။
အောက်က
Show additional language bar icon in the taskbar နဲ့
shwo text labels onthe Language bar တို့ကို အမှန်ခြစ်ပါ။
Apply > OKLanguage Bar အတွက်ပြီးပါပြီးနောက်တစ်ခုက
Change Key Sequence ကို ချိန်းဖို့ ( Language ကို ဘယ်ကီးဘုတ် ကီးနဲ့ထားမလဲ)
အဲဒါကိုပြောင်းချင်ရင် အပေါ်က Menu က
Advance Settings ကိုနှိပ်။ အောက်က
Change Key Sequenceကိုနှိပ်။

ဘောက်စ်တစ်ခုကျလာမည်။
Switch Keyboard Layout မှာ ကြိုက်တာရွေးပြီး အ၀ိုင်းကွက်ကို
နှိပ်ပါ။ ကျနော်က
Ctrl + Shift ကိုရွေးလိုက်တယ်။

အဆင်ပြေပါစေ...
စောလင်းနက်စ်
(၃)





နောက်ဘောက်စ်တွင် system recovery ကိုနှိပ်ပြီး Next ကိုနှိပ်။
(၄)
နောက် Insert Recordable Disk ဘောက်စ်ပေါ်လာမည်။ CDဆိုရင် 9 ချပ်၊ DVD ဆိုရင်
2 ချပ်၊ DVD-DL (DVD Dual Layer) အသုံးပြုတာနည်းပါတယ်။ Next ကိုနှိပ်။
(၅)
နောက်ဘောက်စ်တွင် Disk 1 of 2 ဆိုပြီး Recovery Disk က မိမိစက်ကို Reformating
လုပ်တာတွေ့ရမှာဖြစ်ပါတယ်။
(၆)
Disk 1 လုပ်ဆောင်ချက်ပြီးလျှင် Disk 2 ကိုဆက်ထည့်လိုက်ပါ။ အောက်ပါအတိုင်း…
(ရ)
ဒီအဆင်မှာတော့ system recovery successful ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ Finish ကိုနှိပ်။
Restart ပြန်တက်လာလျှင် Recovery Disk နဲ့ system recovery လုပ်ဆောင်တာပြီးသွားပါပြီ
( အထက်ပါပုံများသည် Wikihow.com မှာ Recovery Created Disk ကိုမှီငြမ်းထားခြင်းဖြစ်
သည်။ ဒါကြောင့် တစ်ချို့ပုံသည် Recovery လုပ်ထားတဲ့ပုံမဟုတ်ပဲ၊ Created လုပ်ထားတဲ့ပုံ
ဖြစ်ပါသည်။ အထောက်အကူဖြစ်စေရန်သာ ရယူထားဖြစ်သည်။ )
Original Link
အဆင်ပြေပါစေ...
စောလင်းနက်စ်