NTLDR - Boot.ini - Missing NTDETECT

NTLDR is missing
NTLDR is missing. Press CTRL + ALT + DELETE to restart

NTLDR is missing ဆိုတဲ့ ပြဿနာဟာ ကွန်ပျူတာအသုံးပြုသူတိုင်း တွေ့ဖူးပြီးသားဖြစ်ပါ
လိမ့်မယ်။ ကျနော်လဲ မကြာခဏဆိုသလို ဒီပြဿနာလေးကိုဖြေရှင်းနေရပါတယ်။
NTLDR is missing အကြောင်းသည်လည်း ဆိုက်တော်တော်များတင်ပြီးသားပါ။ ကျနော်
အတွက် မှတ်စုအဖြစ်ကျန်ရအောင် ပို့စ်တင်ထားခြင်းသာဖြစ်ပါတယ်။ လိုအပ်မယ့် ပုဂ္ဂိုလ်
များရှိရင် အဆင်ပြေလွယ်ကူချောမွေ့စေရန်ရည်ရွယ်ပါတယ်။

NTLDR သည် Microsoft Windows NT, Windows XP and Windows Server
2003 တို့အတွက် ထည့်သွင်းပြုလုပ်ထားတဲ့ boot loader ဖြစ်ပါတယ်။ အကယ်၍ သူ့ဖိုင်
ပျက်သွားရင် အထက်ပါပြဿနာမျိုးကြုံရမှာဖြစ်ပါတယ်။

NTLDR is missing ဆိုတဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့အနေအထား (၄)မျိုးနဲ့ ကျနော်
ပြောပြချင်ပါတယ်။ အောက်ပါ Method (4) မျိုးနဲ့ဖြေရှင်းလို့ရပါတယ်။

(၁) Recovery Console
(၂) Repair XP
(၃) Recovery from the Windows CD
(၄) Prevention method
+/- အပြည့်အစုံသို့

အဲဒီ (၄)မျိုးတွင်
(၁) Recovery Console နဲ့ ဖြေရှင်းနည်း
အမှန်က ဒီလုပ်နည်းတွေဟာ ကွန်ပျူတာကို စကိုင်တဲ့ပုဂ္ဂိုလ်များအတွက် အဆင်ပြေဖို့
မလွယ်ပါဘူး။ နည်းလမ်းရဖို့သာပြောရတာပါ။ ဘာဖြစ်ကြိုးစားလုပ်ဆောင်သွားဖို့အဓိက
ပါ။

ထုံးစံအတိုင်း Window CD စက်ထဲထည့်ပြီး Boot တက်လိုက်ပါ။ (Boot) တက်နည်း
ကိုအသေးစိတ်မရေးပြတော့ပါ။ boot တက်တဲ့အချိန်မှာ F10 နှိပ်ထားပါ။
ပြီးရင် Command Prompt ပေါ်လာရင် fixboot C: ဆိုတဲ့စာသားကို ရိုက်ပြီး Res-
tart ချလိုက်ပါ။ ဒါကတစ်နည်းပေါ့ဗျာ။

(၂) Repair XP နဲ့ ဖြေရှင်းနည်း
ခုဏကအတိုင်းပဲ Window CD ကို Boot တက်လိုက်ပါ။ အောက်ပါပုံအတိုင်းရောက်ရင်
system repair လုပ်ဖို့အတွက် r ကိုနှိပ်ပါ။ ဒီနည်းကတော့ Window CD နဲ့ system
repair လုပ်ပြီး ဖြေရှင်းတဲ့နည်းလမ်းဖြစ်ပါတယ်။


(၃) Recovery from the Windows CD နဲ့ ဖြေရှင်းတဲ့နည်း
ထုံစမ်းအတိုင်း Window CD ကို စက်ထဲထည့်ပြီး Boot တက်လိုက်ပါ။
Boot တက်ရင်း r key ကို နှိပ်ပါ။ ပြီးတော့ command prompt ပေါ်လာလိမ့်မည်။
အဲဒီ command prompt တွင် အောက်ပါ command line များ အဆင့်ဆင့်ရိုက်သွား
ပါ။
X ( X ဆိုသည်မှာ CD_ROM ရှိတဲ့ Drive Letter ကိုရိုက်ပါ)
cd i386
copy ntldr c:
copy ntdetect.com c:
ပြီးရင် Restart ချပါ။

(၄) Prevention method နဲ့ ဖြေရှင်းနည်း
(NTLDR, boot.ini and NTDETECT files (၃)မျိုး ပါတဲ့) ၀င်းဒိုး CD ခွေကို စက်ထဲထည့်
လိုက်ပါ။
ထိုနောက် command prompt တွင် copy ntldr c: ဆိုတာကို ရိုက်ထည့်ပါ။ ပြီးတော့ Res
tart ပေါ့ဗျာ။


အဆင်ပြေပါစေ...

စောလင်းနက်စ်

Window 7 နဲ့ အသုံးပြုလို့မရသောဆော့ဝဲလ်များကို Compatible ဖြစ်အောင်လုပ်နည်း

အချို့သောဆော့ဝဲလ်များ ၀င်းဒိုး 7 နဲ့ compatible မဖြစ်ရင် အင်စတော့ထည့်သွင်းလို့မရ
တာတွေ့ရတယ်။ နောက်ပြီးထည့်သွင်းလို့ရပြန်တော့လဲ အသုံးပြုလို့မရတာတွေဖြစ်လာပြန်
တယ်။ Window 7 ကြောင့် ဆော့ဝဲလ်များ Installation လုပ်ရာမှာ အခက်အခဲရှိလျှင်
အသုံးပြုနိုင်ရန် ပို့စ်တင်လိုက်တာပါ။

လုပ်နည်းလေး...

၁။ Install လုပ်ချင်သည့် ဆော့ဝဲလ်၏ icon ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
၂။ Box ကျလာလျှင် Compatibility tab ကို ရွေးပါ။

+/- အပြည့်အစုံသို့

၃။ Run this program in compatibility mode for: ကို အမှန်ခြစ်ပေးပါ။
၎။ Window XP (Service Pack 3) သို့မဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
၅။ Apply လုပ် Ok
၆။ မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်ကြည့်ပါ။

(အကယ်၍ အင်စတောထည့်သွင်းထားပြီးလို့ အသုံးပြုလို့မရရင် ၎င်းမောင်းထားပြီး

သောပရိုဂရမ် (ပရိုဂရမ်ရဲ့ ရဲ့ icon) ကို Right Click ထောက်၊ Properties ကို

ဝင်ပြီး အပေါ်က အစီအစဉ်အတိုင်းသာလိုက်လုပ်ပါ။)

Power Data Recovery v4.1.2


အချိန်မရတာနဲ့ ဆိုက်ဘက်ကိုမလှည့်ဖြစ်ဘူး။ သူငယ်ချင်းက သူ့ HD ကို format
ဖျက်မိတာနဲ့ အဲဒီ HD ထဲမှာပါတဲ့ video ဖိုင်တွေပြန်လိုချင်တယ်။ ကျနော်လဲ အချိန်
မရတော့ ချက်ချင်းမတင်ပေးနိုင်ဘူးလေ။
အခုအားတာနဲ့ Power Data Recovery v4.1.2 နဲ့ အဲဒါတွေကိုဖြေရှင်း
ဖို့ တင်ပေးလိုက်တယ်။ ဒီဆော့ဝဲလေးက ကီးဂျန်းလဲပါပြီးသားဆိုတော့ သုံးရတာ
ပိုအဆင်ပြေတာပေါ့။
+/- အပြည့်အစုံသို့



Power Data Recovery v4.1.2 ရဲ့ လုပ်ဆောင်နိုင်တဲ့ Feature နဲ့ Support Feature
တွေကိုကြည့်လိုက်ပါ။ ဒါဆို ဒီဆော့ဝဲလ်ရဲ့စွမ်းဆောင်နိုင်ရည်ကိုသိသွားပါလိမ့်မယ်။

Feature overview
* Recover data after accidental deletion
* Recover data after an accidental format
* Recover data from an inaccessible volume (logical drive)
* Recover data after FAT corruption
* Recover data after repartition (fdisk)
* Recover data from a crashed physical device
* Recover data after an MBR corruption
* Recover data from a hard disk drive, camera card, USB drive, Zip, floppy disk
* Recover data for any error except physical damage

Key Features
* Supports FAT 12/16/32
* Supports NTFS
* Supports NTFS compressed and encrypted files
* Supports Dynamic Volume including Simple Volume, Spanned Volume, Stripe Volume, Mirror Volume and Raid Volume.
* Supports RAW data recovery
* Built-in preview function
* Built-in resume recovery function
* Built-in Recovery Wizard

ပထမဆော့ဝဲလ် exe ကို install လုပ်လိုက်ပါ။ ညွန်ပြတဲ့အတိုင်းသာ လုပ်ဆောင်ပါ။
ပြီးရင် keygen ကိုနှိပ်။ ကီးဂျန်းရဲ့ generate ကိုထုတ်ပြီး လိုချင်တဲ့ နံပါတ်ကို copy
ယူထားလိုက်ပါ။
Power Data Recovery ဆော့ဝဲလ်ကို ဖွင့်ပြီး Register/buy ကိုနှိပ်၊ အောက်ကအ
ကွက်တွင် ကီးကိုထည့်လိုက်ပါ။ ဒါဆို ဆော့ဝဲလ်ကို Full version ရပြီးပေါ့။


Power Data Recovery ဆော့ဝဲလ်ကိုဖွင့်ပြီး Home ကိုနှိပ်ပြီး လိုချင်တဲ့ Recover
လုပ်ရုံပါပဲ။ Recover tab ကို ဒါရိုက်နှိပ်ပြီး လုပ်လဲရပါတယ်။


ကျန်တဲ့ Recovery ပြုလုပ်ပုံတွေကိုတော့ အကျယ်တ၀င့်မရှင်းပြတော့ပါဘူး။ ကိုယ့်ကို
စမ်းကြည့်ပေတော့။ အဆင်ပြေပါစေ။

Download :Power Data Recovery v4.1.2
Mediafire :Power Data Recovery v4.1.2

How to disable "Switch User Button" in Window

ကျနော်ရေးပြမှာက Switch User Button လေးကို ပိတ်ထားတဲ့နည်းလမ်းလေးဖြစ်ပါ
တယ်။ဝင်းဒိုး ဗစ်တာ၊ 7 တွေမှာ ကွန်ပျူတာ sleep ဖြစ်သွားတဲ့အခါမျိုးဖြစ်စေ၊ window + l
ကီးနှိပ်ပြီး Lock ချထားတာဖြစ်စေ ကွန်ပျူတာကို ပြန်ဖွင့်တဲ့အခါ Switch User Button
လေးပေါ်လာတာတွေ့ရမှာဖြစ်ပါတယ်။

အဲဒီ Switch User Button ကို ပိတ်ထားချင်ရင် group policy tools ကိုအသုံးပြုပြီး ပိတ်
ထားလို့ရပါတယ်။

Switch User Button ပိတ်နည်း
+/- အပြည့်အစုံသို့


Start Menu or Window + R ကိုတွဲနှိပ်ပြီး Run ဖွင့်ပါ Run တွင် gpedit.msc ဆိုတာ
ကိုရိုက်ထည့်။

Group policy tools Editor ပေါ်လာမည်။ အောက်ပါ info.path အစဉ်အတိုင်းသွားပါ။
Local Computer Policy ->Administrative Templates -> System -> Logon

Hide entry points for Fast User Switching” ရှာပါ။ အောက်ပါပုံအတိုင်း...


ထိုနောက် ဒီစာချောင်းကို Double Click ကလစ်နှစ်ချက်ခေါက်ပြီး မပေါ်စေလိုသည့်
အတွက် Enable အကွက်ကိုနှိပ်ပါ။


Switch User Button လေးကို ပြန်ပေါ်စေချင်ရင် Not Configure or Disable တစ်
ခုခုကိုပြန်နှိပ်လိုက်ရုံပါပဲ။

အဆင်ပြေပါစေ...

စောလင်းနက်စ်

Grub Rescue ဖြေရှင်းနည်း

ဒီ grug rescue ပြဿနာကို Window , Linux Dual Boot တွဲသုံးတဲ့ပုဂ္ဂိုလ်
မှ သိနိုင်မှာပါ။ ဒီပြဿနာကို ခဏခဏကြုံရတော့ အလွယ်တကူဖြေရှင်းနိုင်အောင်ဆိုပြီး
စုစည်းလိုက်တာပါ။ ဒီပို့စ်သည် မြန်မာမိသားစုဖိုရမ်မှာ ကိုကျောက်ဖြူရေးထားတဲ့ Ubun
tu အမေး အဖြေကဏ္ဍာတွင် ကိုkznt ရဲ့လက်ရာလေးပါပဲ။ ကျနော့်အတွက်လိုအပ်လို့
တင်လိုက်တာ။ အခြားလိုအပ်မယ်ပုဂ္ဂိုလ်များရှိရင်လည်း လွယ်လင့်တကူဖြစ်သွားတာပေါ့
ဗျာ...

Windows XP bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်

ကျွန်တော်တို့ အရင်ဆုံး Windows XP installation CD လိုအပ်ပါတယ်။ ရပြီဆိုရင်
ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။

အဲလို Boot တက်လိုက်ရင် Windows XP CD ကနေပြီး repair ဒါမှမဟုတ် recov
er လုပ်မှာလား ဆိုပြီး မေးတဲ့ အပိုင်းကို တွေ့ပါလိမ့်မယ်။ အဲတာကိုလုပ်ဆောင်ဖို့
"r" ကိုနှိပ်ပါ။
+/- အပြည့်အစုံသို့


Windows XP administrator password ပေးထားတယ်ဆိုရင် သူက ထည့်ပေး
ဖို့ တောင်းပါလိမ့်မယ် ထည့်ပေးလိုက်ပါ။ အဲတာပြီးတာနဲ့ သူက ကျွန်တော်တို့ကို
command line ရှိရာဆီ ခေါ်သွားပါလိမ့်မယ်။ အဲ့ဒီ့နေရာမှာ အောက်ဖော်ပြပါ
commands ကို ရိုက်ထည့်ပြီး Enter ပေးပါ -

fixboot

fixmbr

ပြီးသွားရင် ဒါကို ရိုက်ပါ။

exit

ပြီးသွားရင် Windows XP CD ကို ထုတ်ပြီး Restart ပေးလိုက်ပါ။ အားလုံး အဆင်
ပြေတယ်ဆိုရင် XP bootloader ပြန်အလုပ်လုပ်ပြီး Windows XP ထဲ ပြန်ဝင်လို့
ရပါလိမ့်မယ်။

Windows Vista ဒါမှမဟုတ် 7 bootloader ကို Restore လုပ်ဆောင်မယ် ဆိုရင်

ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ ကျွန်တော်တို့ အရင်ဆုံး Windows Vista/7 instal
lation DVD လိုအပ်ပါတယ်။ ရပြီဆိုရင် ကွန်ပြူတာကို အဲကနေ Boot တက်လိုက်ပါ။

တကယ်လို့ recovery disk တွေရှိရင် ပုံစံတူ သဘောတရားတူ လုပ်ဆောင်လုပ်လို့
ရပါတယ်။ Windows Vista နဲ့ 7 အတွက် Recovery Disc ကို ဒီနေရာကနေရယူနိုင်
ပါတယ်။


အဲကနေ Boot တက်လိုက်လို့ Regional settings ကိုရောက်ပြီ ဆိုရင် Location/
Keyboard setting ကို ရွေးပေးပြီး next ကိုသွားပါ။ နောက်စာမျက်နှာမှာ "Repair
your computer." ကို နှိပ်ရပါမယ်။


အဲကနေ နောက်စာမျက်နှာမှာ အောက်ဖော်ပြပါအတိုင်း Windows Vista/7
installation တစ်ခုခုကို တွေ့ပါလိမ့်မယ်။ ဘာကိုမှာ မရွေးပဲ Next ကို ဆက်သွားပါ။


အောက်မှာ ဖော်ပြထားတဲ့ အတိုင်း အောက်ဆုံးမှာ ရှိနေတဲ့ "Command prompt"
ကို click ပေးပါ။ နောက်ပြီးရင် အောက်ဖော်ပြပါ command တွေကို ရိုက်ပေးပြီး
Enter ခေါက်ပါ။


bootrec /fixmbr

bootrec /fixboot

bootrec /rebuildbcd

ပြီးရင် Windows တွေအားလုံးကို ပိတ်ပြီး "Restart" ပေးပါ။

ထည့်ထားတဲ့ Vista/7 DVD ပြန်ထုတ်ပါ။ အားလုံး အဆင်ပြေတယ်ဆိုရင်
Windows Vista/7 Bootloader ပြန်အလုပ်လုပ်ပြီး Windows Vista/7
ထဲ ပြန်ဝင်လို့ ရပါလိမ့်မယ်။


KznT.

Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်း

အားလုံးမင်္ဂလာပါ…

ကျနော် ဒီ Adobe Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကိုရေးရသည့်အကြောင်း
ကသူငယ်ချင်းတွေက မကြာခဏမေးလာတာတစ်ကြောင်း၊ နောက်ပြီးဗွီဒီယို Camera ၀ယ်
ထားပြီး ကွန်ပျူတာစက်များပိုင်ဆိုင်ထားပါလျှက်နဲ့ မိမိရိုက်ထားတဲ့ ဗွီဒီယိုဖိုင်မတည်းဖြတ်
တတ်သူများအတွက် ရည်ရွယ်တာကတစ်ကြောင်း၊ ကွန်ပျူတာဝါသနာပါသော ညီငယ်များ
တစ်ဖက်တစ်လမ်းအကျိုးရှိစေရန်ရည်ရွယ်တာကတစ်ကြောင်းအကြောင်းပေါင်းများစွာနဲ့
ကျနော်အချိန်အနည်းငယ်ပေးပြီး ကြိုးစားရေးပေးလိုက်တာဖြစ်ပါတယ်။ တကယ်တော့
ကျနော်ဟာ Edit သမားတစ်ယောက်မဟုတ်ပါ။
ကျနော်တစ်ရက် နှစ်ရက်အချိန်ပေးလေ့လာပြီးတော့ ဒီ Tutorialရေးတာဖြစ်ပါတယ်။ ဒါ
ကြောင့် ဒီ Tutorial နဲ့ Premiere ကျွမ်းကျင်တဲ့ Edit သမားတစ်ယောက်ဖြစ်မလာတောင်
မှအခြေခံ Edit သမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ကျနော်မျှော်လင့်ပါတယ်။

ဒီပို့စ်သည် အနည်းငယ်ရှည်သည့်အတွက်ကြောင့် စိတ်ဝင်တစား လေ့လာဂရုတစိုက်ဖတ်
မှသာ သဘောပေါက်နိုင်မည်ဖြစ်သည်။ တည်းဖြတ်တာတွေကို ၀ါသနာပါသောပုဂ္ဂိုလ်များ
အတွက် အတိုင်းအတာတစ်ခုထိအကျိုးရှိလိမ့်မည်ဟုမျှော်လင့်ပါသည်။

တည်းဖြတ်တဲ့ ဆော့ဝဲတွေများစွာရှိပေမယ့် Premiere သည် Professional သမားများ
အတွက်တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ တစ်ခုသေချာစွာလုပ်တတ်ရင် အခြားတည်းဖြတ်
မှုဆော့ဝဲတွေလဲသိပ်ပြီး မခက်ခဲတော့ပါ။ ဒါကြောင့်တစ်ခုကိုသေချာလေ့လာသင့်ပါ
တယ်။ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်တုန်းက ကျနော်တင်ခဲ့တဲ့ AdobePremiere 6.5 ၊
Video FX ၊ Canopus Procoder ဒီပို့စ်သုံးခုစလုံးကိုဒီအခုပို့စ်အတွက် ကြိုတင်တင်
ထားပေးတဲ့ သဘောပါပဲ။ အဲဒီဆော့ဝဲသုံးမျိုးစလုံဟာတစ်ခုနှင့်တစ်ခုဆက်ဆပ်နေ
သည့်အတွက် Adobe Premiere 6.5 Tutorialဗွီဒီယိုတည်းဖြတ်နည်း မဖတ်ခင်
အရင်ကြိုတင်ပြီး ဖတ်ထား အင်စတောမောင်းထားရင် ပိုပြီးလွယ်ကူမှုတွေရှိပါလိမ့်မယ်။

(ပုံတွေအားလုံး သေချာမြင်ချင်ရင် ကလစ်နှစ်ချက်ခေါက်လိုက်ပါ)

ကဲ…စကြရအောင်ဗျာ….

+/- အပြည့်အစုံသို့

Adobe Premiere 6.5 ၊ Video FX ၊ Canopus Procoder ဒီဆော့ဝဲလ်သုံးမျိုးစလုံးမိမိ

စက်တွင်အင်စတောထည့်သွင်းပြီးဆိုရင် Adobe Premiere 6.5 နဲ့ ဗွီဒီယိုစတင်တည်း

ဖြတ်လုပ်ငန်းစဉ်တွေကို စရအောင်…

အဆင့် (၁) Start Menu > Adobe > Premiere 6.5 ကိုနှိပ်ပြီးဖွင့်လိုက်ပါ

အဆင့် (၂) Edit Style ဘောက်စ်ပေါ်မည်။ မိမိ Edit Style ရွေးချယ်ဖို့ပါ။ A/B Editing

နဲ့ SingleTrack Editing စတိုင်လ် နှစ်မျိုးရှိတယ်ပေါ့ဗျာ။ A/B Editing ကိုပဲ နှိပ်ပြီးရွေး

လိုက်ပါ။


အဆင့် (၃) New Project Setting ဘောက်စ်ပေါ်လာမည်။ ဆိုလိုတာက ကိုယ်တည်း

ဖြတ်မယ့်ဗွီဒီယို Format စတာတွေကို setting လုပ်ဖို့ပါပဲ။ ဒီနေရာမှာ အသေးစိတ်

ကျနော်မရှင်းပြတော့ပါဘူး။ မိမိတစ်ခုစီ် setting တွေ လိုက်ချိန်မယ်ဆိုရင် Custom

ကိုသာနှိပ်ပြီး ကိုယ်ကြိုက်တာSetting ချိန်ပါ။ ကျနော်ကတော့ NTSC >

Standard 48kHz ကိုရွေးပြီး OK ပေးလိုက်တယ်ဗျာ။


အဆင့် (၄) အပေါ်က OK ပေးလိုက်ပြီးတာနဲ့ Premiere 6.5 Window Screenshot

ကိုတွေ့ရမှာဖြစ်ပါတယ်။ မိမိဗွီဒီယိုဖိုင်ကို တည်းဖြတ်နိုင်မယ့် Workshop area ပါပဲ။


စက်ထဲကဗွီဒီယိုဖိုင်ကို Premiere သို့ ဘယ်လိုထည့်သွင်းမလဲ
အဆင့် (၅) အောက်ပါပုံအတိုင်း Premiere ဆော့ဝဲလ်မှာ Bin လို့ခေါ်တဲ့ Project

Windowဆိုတာကိုတွေ့ပါလိမ့်မယ်။ ကျနော်တို့ တည်းဖြတ်မယ့် Video Clip တွေကို

ဒီ Bin လို့ခေါ်တဲ့ Project Window ထဲမှာ အရင်ဆုံးခေါ်ယူထားရပါတယ်။


နောက်ပြီး Bin 1, Bin 2, Bin 3 စသည်အားဖြင့် နှစ်ခု သုံးခုထားချင်ရင် Bin 1အောက်တည့်

တည့်လွတ်တဲ့နေရာမှာ Right Click ထောက်ပြီး New Bin ကိုနှိပ်ပါ။ Bin 2, Bin 3 ဆိုပြီး

Bin နှစ်ခုတိုးလာတာတွေ့ရမှာပါ။

အဆင့် (၆) အဲဒီ Bin Project Window တွင် Video Clip ထည့်ဖို့ပါ။ Premiere 6.5

Window Screens ရဲ့ Menuတွင် File > Import > file ကိုနှိပ်။ ဒါမှမဟုတ်ရင် Bin ရဲ့

ညာဘက် အဖြူရောင်အကွက်တွင် မောက်စ်နဲ့ကလစ်နှစ်ချက်ခေါက်လိုက်ပါ။ပြီးတော့

မိမိ capture လုပ်ထားတဲ့ ဗွီဒီယိုဖိုင်ကို (တည်းဖြတ်မည့်ဗွီဒီယိုဖိုင်ကို) ရွေးပြီး Open

နှိပ်။ ဒါဆို အောက်ပါပုံအတိုင်း Bin New Project Window ထဲမှာ တည်းဖြတ်မည့်

Video Clip ဖိုင်တစ်ခုရောက်ရှိလာမှာဖြစ်ပါတယ်။အသံဖိုင်ထိုနည်းတူစွာ စက်ထဲကနေ

ဒီ Bin သို့ရောက်အောင်ခေါ်ထားရမှာဖြစ်ပါတယ်။ ဥပမာ…Bin 1 မှာ ဗွီဒီယိုဖိုင် Bin 2

မှာ အသံဖိုင်ထည့်ထားလိုက်ရင် ပြန်ရှာရတာပိုပြီးလွယ်ကူတာပေါ့။


Video Clip ဖိုင်ကို Timeline သို့ ထည့်သွင်းခြင်း
အဆင့် (၇) ဒီအဆင့်မှာ ကျနော်တို့ Video Clip ဖိုင်ကို စတင်တည်းဖြတ်တဲ့အ

ဆင့်ဖြစ်ပါတယ်။အောက်ကပုံသည် Timeline လို့ခေါ်ပါတယ်။ Video Clip

ဖိုင်ကို ဒီ Timeline သို့သွင်းရမှာဖြစ်ပါတယ်။

Timeline အကွက်တွင် …
1. Video 2
2. Video 1A
3. Transation
4. Video 1B
အောက်အကွက်မှာ….Audio 1,2,3 ဆိုပြီး သုံးနေရာတွေ့ရမှာဖြစ်ပါတယ်။ ဒါဆို Bin

မှာရှိတဲ့ Video Clip ဖိုင်ကို ဒီ Timeline သို့သွင်းချင်ရင် Bin မှာရှိတဲ့Video Clip ဖိုင်ကို

မောက်စ်နဲ့ ဖိထားပါ Video 1A သို့မဟုတ် Video 1B အကွက်ထိရောက်စွဲလာပြီး

မောက်စ်ကိုလွတ်လိုက်ပါ။ အောက်ကပုံအတိုင်း Video 1Aအကွက်တွင် Video Clip

တစ်ခုရောက်ရှိလာပြီးပေါ့ဗျာ။


Audio ဖိုင် Timeline သို့ထည့်သွင်းခြင်း
အဆင့် (၈)
Audio အသံပိုင်းဆိုင်ရာထည့်သွင်းခြင်တယ်ဆိုရင် မိမိသိမ်းထားတဲ့ Audioအသံဖိုင်ကို

Bin ထဲကို ခေါ်ယူရပါတယ်။ ဒါကလဲ Bin 1 မှာထည့်မလား ဒါမှမဟုတ် Bin 2 မှာထည့်မ

လားဆိုတာ ကိုယ့်အပေါ်မှာမှီတည်ပါလိမ့်မယ်။

ကျနော်ဆိုရင် Bin 1 မှာ Video Clip ထားပြီး Bin 2 အသံဖိုင်တွေထားတယ်ဗျာ။

Bin ထဲမှာရောက်လာတဲ့ အသံဖိုင်ကို မောက်စ်နဲ့ဖိထားပြီး Timeline မှာရှိတဲ့ Audio 1

အကွက်တွင်သွင်းလိုက်ပါ။ ဒါဆို Audio 1 အကွက်တွင်အသံဖိုင်တစ်ခုရောက်လာတာ

တွေ့ရမှာဖြစ်ပါတယ်။

Effect Transition လှုပ်ရှားမှုပုံများ Timeline သို့ထည့်သွင်းခြင်း
အဆင့် (၉)
နောက်တစ်ခုက ဒီ Timeline ထဲမှာ Video Clip ကိုတည်းဖြတ်တဲ့အခါ Video1A နဲ့ Video 1B

မှာထည့်ပြီး တည်းဖြတ်ရသလို သူတို့နဲ့အတူ တွဲဖက်လာမယ့် Effect (စတိုင်လ်အမျိုးမျိုး)

လှုပ်ရှားမှုတွေကိုတော့Video 1A နဲ့ Video 1B ကြားမှာရှိတဲ့ Transition အကွက်တွင်

Effect များအတွက်ထည့်သွင်းရမှာဖြစ်ပါတယ်။

အောက်ကပုံအတိုင်း ညာဘက်မှာရှိတဲ့ Transition ဆိုတာကိုနှိပ်။ (အကယ်၍မရှိသေးရင်

Menu > File >Window > Show Transition ကိုနှိပ်)

ပြီးတော့ ထည့်ချင်တဲ့ Effect တစ်ခုခုကိုဖွင့်လိုက်ပါ။ ကျနော်ကတော့ Video FXကိုဖွင့်

လိုက်တယ်။ အဲဒီ Video FX Effects ဆိုတာလေးကို မောက်စ်နဲ့ဖိထားပြီး TimeLine

မှာရှိတဲ့ Transition အကွက်တွင် သွင်းလိုက်တယ်။ အောက်ကပုံအတိုင်း Transition

အကွက်တွင်Effect တစ်ခုရောက်နေတာတွေ့ရမှာဖြစ်ပါတယ်။

အကယ်၍ Effect ကိုမောက်စ်နဲ့ စွဲယူရက်သားနဲ့ Transition အကွက်တွင် ဘာမှရောက်မ

လာဘူးဆိုရင် Timeline ရဲ့ ညာဘက်အစွန် မျှားလေးကိုနှိပ်ပါ။ ပြီးတော့ A/B Editing

ဆိုတာကို အမှန်ခြစ်လိုက်ပါ။ အဲဒါဆိုပြန်လုပ်ကြည့်ရသွားပါလိမ့်မယ်။

နောက်ပြီး Effect စတိုင်လ်အမျိုးမျိုးပြောင်းချင်တယ်ဆိုရင် Transition အကွက်ထဲက

Effectကိုမောက်စ်နဲ့ ကလစ်နှစ်ချက်ခေါက်ပါ။ ပြီးတော့ကြိုက်တဲ့ စတိုင်လ်ကိုရွေးပြီး

OK ကိုနှိပ်။

(Effect များကို ကြည့်ရှုချင်လျှင် Keyboard က Alt ကိုနှိပ်ထားပြီး မောက်စ်နဲ့ရွေ့ကြည့်မှ

တွေ့နိုင်မည်။Playback ပေးရုံနဲ့မြင်ရမည်မဟုတ်ပါ)

စာသား Tex များ ထည့်သွင်းခြင်း
အဆင့် (၁၀)
ဒီ Premiere ဆော့ဝဲဟာ စာသားထည့်သွင်းတဲ့နေရာမှာ တစ်ခြားဆော့ဝဲလ်နဲ့ဆိုင်ရင်

နည်းနည်းပိုခက်တယ်လို့ဆိုရမှာပဲ။

စာသားကို ထည့်သွင်းတဲ့နေရာမှာ (၂)ချက်ရှိပါတယ်။
(၁) Adobe Design Title ကနေ စာသားများကို ဖန်တီးခြင်း
(၂) Photoshop ကနေ စာသားများကို ဖန်တီးခြင်း
အဲဒီနှစ်မျိုးထဲတွင် ကြိုက်ရာတစ်မျိုးမျိုးနဲ့ ပြုလုပ်ထားပြီးမှ Premiere သို့ သွင်းယူရ

ပါတယ်။ ကျနော်အရင်ဆုံး
(၁) Adobe Design Title ကနေ စာသားများကို ဖန်တီးခြင်း ကိုပြောပြမယ်။ အဲဒါဆို

Premiere က File > New > Title ကိုနှိပ်။ အောက်ပါပုံအတိုင်း Adobe Design

Title Window ပေါ်လာမည်။ အသေးစိတ်ကျနော်မပြောတော့ပါဘူး။ ကိုယ်တိုင်သာ

လိုက်လုပ်ကြည့်ပါ။ လွယ်ပါတယ်။ ပြီးရင် Save ကိုနှိပ်ပြီး နေရာမှတ်ထားပြီး သိမ်း

လိုက်ပါ။


နောက်တစ်နည်းက (၂) Photoshop ကနေ စာသားများကို ဖန်တီးခြင်း
Photoshop ကိုဖွင့်ပါ။ ပြီးတော့ New ကိုနှိပ်ပြီး Page size ကို NTSC, PAL DVတို့ကို

သာ ရွေးရမည်။ ကျနော်ကတော့ NTSC DV 720 ကိုရွေးလိုက်ပါတယ်။ လိုချင်တဲ့စာသား

ရိုက်ပါ။ ပြီးတော့ Save as ကို Photoshop (PSD) နဲ့သိမ်းလိုက်ပါ။

နောက်ပြီး Premiere ပရိုဂရမ်ကိုပြန်ဖွင့်လိုက်ပါ။ ခုဏက လုပ်ထားတဲ့ စာသားကို

Bin ထဲကိုရောက်အောင်ပို့ရမှာဖြစ်ပါတယ်။ အဆင့် (၆)တွင် Video Clip ဖိုင်ထည့်

့်သွင်းလိုမျိုးပဲ မိမိသိမ်းထားတဲ့ စာသားဖိုင်ကိုရွေးပြီး Open နှိပ်။ အောက်ပါပုံအတိုင်း

choose layer ဘောက်စ်ပေါ်လာမည်။Scroll Down ကိုနှိပ်ပြီး Marge Layer,

Background, Mwvf (sawlinux) သုံးမျိုးတွင် နောက်ဆုံး Mwvfပါသော တစ်ခုကို

ရွေးပြီး OK ပေးပါ။

ဒါဆို မိမိလုပ်ထားတဲ့စာသားဖိုင်သည် Bin ထဲကိုရောက်လာပြီလေ။ Bin ထဲကိုရောက်

လာတဲ့ စာသားဖိုင်ကို Timeline သို့ထည့်သွင်းရမှာဖြစ်သည့်အတွက် ၎င်း Bin ထဲက

စာသားဖိုက်ကို မောက်စ်နဲ့ဖိထားပြီ Video 1A နဲ့ Video 1B အကွက်တွင်ထည့်လိုက်ပါ

ဒါမှမဟုတ် Video 2 အကွက်တွင်ထည့်လိုက်ပါ။

အဲဒီစာသား Tex တွေကို စတိုင်လ်အမျိုးမျိုး ဒါမှမဟုတ်အချိန်တွေ setting လုပ်ချင်ရင်

Timelineထဲကထည့်ထားတဲ့ စာသားဖိုင်ကို မောက်စ်နဲ့တစ်ချက်နှိပ်ပြီး ကီးဘုတ်ပေါ်က

Ctrl + y တွဲနှိပ်ပါ ။အောက်ပါပုံအတိုင်း MotionSettings ဘောက်စ်ပေါ်လာမည်…

အဲဒီဘောက်စ်ထဲမှာ Start အကွက်ဆိုတာတွေ့ပါလိမ့်မည်။ ကိုယ်ထားချင်ပြေးချင်တဲ့စာ

သားရဲ့ စတိုင်လ်တွေကို အဲဒီမျှားကိုသာလိုက်ပြီး လေးထောင့်စလုံးရွေးကြည့်ပါ။ ပြီးတော့

OK ပေး။ဒါက ကျနော်အကျဉ်းလေးသာပြောပြတာပါ။ သိချင်တတ်ချင်ရင် ကိုယ့်ကိုသာ

လိုက်ကလိကြပေတော့။

Timeline မှာရှိတဲ့ Video Clip စတင်တည်းဖြတ်ခြင်း
အဆင့် (၁၁)
ဗွီဒီယိုကိုတည်းဖြတ်စတင်တည်းဖြတ်တော့မယ်ဆိုရင် ဒီ Timeline မှာရှိတဲ့အရေးပါတဲ့

Tool တစ်ချို့ကိုသိထားသင့်တယ်။ အထက်ပါ ဗွီဒီယို ကလစ်၊အသံဖိုင်တွေကို Timeline

မှာ သွင်းထားပြီးဆိုရင် စတင်တည်းဖြတ်လို့ရပါပြီ။ ဒီပုံကို Timeline အတွက် အထောက်

အကူဖြစ်စေရန်ရည်ရွယ်ပါတယ်။


Timeline မှာရှိတဲ့ တည်းဖြတ်မယ့်ဖိုင်များကို ကြည့်ရှုခြင်း
ဒါပေမယ့် တည်းဖြတ်မယ့်ဖိုင်တွေကို အရင်ဆုံးကြည့်ရှုသင့်တယ်။ အဲဒါမှဘယ်ပိုင်းဟာဖြတ်

တောက်ရမလဲစသည် ဆုံးဖြတ်နိုင်မှာဖြစ်တယ်။ ဒါကြောင့်အောက်က Monitor > Play

Button ကိုနှိပ်ပြီးကြည့်ပါ။


ဖိုင်ဖြတ်တောက်ခြင်း
ကဲ…ဒီနေရာကိုဖြတ်တောက်ပစ်မယ်လို့ ဆုံးဖြတ်လိုက်ပြီးဆိုရင် MultipleRazar Tool (C)

ကို မောက်စ်နဲ့တစ်ချက်နှိပ်ပါ။ ပြီးတော့ ဖြတ်မယ့်ဗွီဒီယိုဖိုင်ပေါ်တည့်တည့်တွင် မောက်စ်နဲ့

တစ်ချက်နှိပ်။အောက်ပါပုံအတိုင်း ဖိုင်နှစ်ပိုင်းဖြစ်သွားတာတွေ့ရမှာပါ။ Selection Tool

(V)(မျှား)ကို တစ်ချက်နှိပ်ပြီးမလိုချင်တဲ့အပိုင်းကို မောက်စ်တစ်ချက်နှိပ်ပါ။ ပြီးတော့ Delete

Key ကိုနှိပ်လိုက်ရုံဖြင့် ဖြတ်တောက်ချင်တဲ့ ဖိုင်ပျက်သွားဖြစ်ပါတယ်။


ဖိုင်ကိုရွေ့ခြင်း
ဥပမာ…ဖိုင်တွေအပိုင်းများလာမယ်။ ရှေ့အပိုင်းကို နောက်အပိုင်းသို့ပို့ချင်တယ်။

ဒါဆို Tool ထဲကSelection Tool (မျှား)ကိုနှိပ်ပြီး ရွေ့ချင်တဲ့ဖိုင်ကိုမောက်စ်နဲ့ဖိ

ထားလိုက်ပါ။ ပြီးတော့ ထားချင်တဲ့နေရာရောက်ရင် မောက်စ်ကိုလွတ်လိုက်ပါ။


တည်းဖြတ်ထားတဲ့ဖိုင်ကို ပြန်လည်ကြည့်ရှုခြင်း
တည်းဖြတ်ထားတဲ့ဖိုင်ကို ပြန်လည်ကြည့်ရှုချင်ရင် Timeline အကွက်တွင် 00;00,

00;02;00 ဂဏန်းပြထားတဲ့အကွက်မှာ မောက်စ်အရင်တစ်ချက်နှိပ်ပါ။ ပြီးတော့ အောက်

ပါပုံအတိုင်း တိုင်ငုတ်လေးကို စကြည့်ချင်တဲ့နေရာကိုရွေ့ပါ။


နောက်ပြီး အပေါ်က Monitor ရဲ့ Play Button ကိုနှိပ်ပါ။ အဲဒါဆို မိမိတည်းဖြတ်ထား

တဲ့ဖိုင်ရဲ့အနေအထားကိုမြင်ရပါလိမ့်မယ်။

မှတ်ချက်= တည်းဖြတ်နေဆဲအချိန်မှာ Effect နဲ့ Tex စာသား ရိုးရိုးMonitor ရဲ့ Play

Button ကိုနှိပ်၍ တွေ့ရမည်မဟုတ်ပါ။ အဲဒီ Effect နဲ့Tex စာသားများကို တည်းဖြတ်

နေဆဲအချိန်မှာ အနေအထားကိုသိချင်ရင် Effect နဲ့ Tex စာသားပေါ်တည့်တည့်မှာ Alt

ကီးကိုနှိပ်ပြီး မောက်စ်နဲ့ ဒုတ်တိုင်ကိုလိုက်ရွေ့မှသာ တွေ့နိုင်မှာဖြစ်ပါတယ်။

အသံဖိုင်များ ဖြတ်တောက်ခြင်းနှင့် အသံညှိခြင်း
အသံဖိုင်ကို ဖြတ်တောက်ခြင်း၊ တနေရာမှ တနေရာသို့ရွေ့ခြင်း ပြုလုပ်ပုံတွေကိုအထက်

က ဗွီဒီယိုနဲ့အတူတူပင်ဖြစ်ပါတယ်။

Add Just Audio Level အသံညှိခြင်း
ထည့်ထားတဲ့ အသံဖိုင်ကို အသံအနိမ့်၊ အမြင့်ညှိချင်ရင် အောက်ကပုံအတိုင်း Audio

ဘေးနားကမျှားကိုနှိပ်ပါ။


မျှားကိုနှိပ်ပြီးရင် အောက်ပါပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။ တွေ့ရတဲ့ အနီရောင်၊အပြာရောင်

လေးထောင့်ကွက်လေးတွေကို နှိပ်ပြီး မောက်စ်နဲ့ အနီရောင်၊ အပြာရောင်အတန်းလေးကို

လိုသလိုလိုက်စွဲကြည့်ပါ။ ပြီးတော့ အသံကိုပြန်နားထောင်ကြည့်။ ဒီလောက်ဆိုလုပ်တတ်

လောက်ပါပြီ။


Timeline မှာရှိတဲ့ Video, Audio တွေကို ထားချင်တဲ့ Frame
Timeline မှာရှိတဲ့ Video, Audio Frame ကို တည်းဖြတ်တဲ့အခါ Frameတွေကို

လိုသလိုပြောင်းလို့ရပါတယ်။ ပုံမှန်အားဖြင့် Frame ကို ½ Secondထားလေ့ရှိပါ

တယ်။ ဒါလဲ မိမိကြိုက်တဲ့ Frame ကိုပြောင်းသုံးလို့ရပါတယ်။

အောက်ကပုံကြည့်ပါ….


ရှည်လျှားတဲ့ Video, Audio Frame တွေလွယ်ကူစွာလိုရာကိုရောက်ချင်ရင်အောက်က

လေးထောင့်ကွက် သို့မဟုတ် မျှားကိုနှိပ်ပြီး မောက်စ်နဲ့ဖိစွဲပါ။

အောက်ပါပုံအတိုင်း…


Project များမပြီးသေးပဲ ဖိုင်များကိုသိမ်းစည်းခြင်း
လုပ်နေဆဲ Project များကို မပြီးသေးပဲ မိမိက Premiere Program ပိတ်ဖို့လိုအပ်လာရင်

လုပ်နေဆဲProject များကို သိမ်းစည်းထားရပါမယ်။ ဒါကProject များကို ပြန်ပြီးဆက်လက်

တည်းဖြတ်ပိုင်းဆိုင်ရာလုပ်မှာဖြစ်သည့်အတွက် သိမ်းတဲ့သဘောပါပဲ။ Menu > File >

Save ကိုနှိပ်ပြီး သိမ်းမယ့်နေရာ၊ဖိုင်နာမည်တွေကို ပေးလိုက်ပြီးတော့ Ok ကိုနှိပ်။ အဲဒီဖိုင်

ကိုပြန်ပြီး တည်းဖြတ်ချင်တဲ့အခါ သိမ်းထားတဲ့ ဖိုင်နာမည်ကို ရှာဖွေဖွင့်လိုက်ရုံပါပဲ။


ပြီးသွားတဲ့ Project တည်းဖြတ်မှုများကို ဗွီဒီယိုဖိုင်အဖြစ်သိမ်းခြင်း
ကဲ…တည်းဖြတ်ထားတဲ့ Project ကို စိတ်တိုင်းကျဖြစ်ပြီးဆိုရင် CD ခွေအဖြစ်ကူးယူနိုင်ရန်

လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ ဒီတိုင်းကူးယူလို့မရပါဘူး။Quality ကောင်းအောင်ဆိုပြီး

Canopus Procoderနဲ့ဖမ်းယူပြီးမှ ရရှိလာတဲ့ဖိုင်ကို CD ထဲကူးယူလို့ရမှာဖြစ်ပါတယ်။
( ဒါလဲ Canopus Procoder ကို Premiere နဲ့ Plug ins ချိတ်ထားပြီမှ ဒီလုပ်ငန်း

စဉ်ကို လုပ်လို့ရမှာဖြစ်ပါတယ်)

ဒါဆို အောက်ကပုံအတိုင်း Menu > File > Export Timeline > ProCoder Easy

Exporter ကိုနှိပ်ပါ။


ထိုနောက်canopus procoder ဘောက်စ်ပေါ်လာမည်။ VCD/DVD tag ကိုရွေးပြီး

အောက်က မိမိကူးမည့် ဗွီဒီယိုဖေါမက်တွေကိုရွေးပါ။ ကျနော်ကတော့ MPEG 1 VCD

NTSCကိုရွေးလိုက်တယ်။ပြီးတော့ Next ကိုနှိပ်


နောက်ဘောက်မှာ မိမိဖိုင်ကိုသိမ်းမည့်နေရာဖြစ်ပါတယ်။ Output File ကိုနှိပ်ပြီး

သိမ်းချင်တဲ့နေရာကိုရွေးပြီး Next ကိုနှိပ်။


နောက်ပေါ်လာတဲ့ဘောက်စ်တွင် Start ကိုသာနှိပ်ပါ။


ကဲ…ဒါကတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဖိုင်ကို Conversion လုပ်နေတာဖြစ်ပါတယ်။

အေးဆေးသာထားခဲ့လိုက်ပါ။ CD တစ်ခွေစာဆိုတော့ တစ်နာရီလောက်တော့ကြာနိုင်

ပါတယ်။


အမှာ= ကျနော်ဒီ Premiere 6.5 Tutorial ဗွီဒီယိုတည်းဖြတ်နည်းကို အချိန်အနည်း

ငယ်ပေးဆပ်လိုက်ပါတယ်။ဘာဖြစ်ဖြစ် အသက်မွေးဝမ်းကြောင်းနဲ့ဆိုင်တဲ့ အတတ်

ပညာတစ်ခုကို လိုအပ်တဲ့ ညီ၊ကိုများထံဝေငှလိုက်ရသည့်အတွက် ကျနော်ပျော်ရွှင်

ကျေနပ်ခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ဖြစ်လေရာဘ၀တိုင်းမှာ စိတ်ချမ်းသာ ကိုယ်

ကျမ္မာနဲ့ နည်းပညာတွေဆက်လက်ဝေငှနိုင်ပါစေလို့ ကျနော်မျှော်လင့်မိပါတယ်။


အားလုံးအဆင်ပြေပြီး ပျော်ရွှင်နိုင်ကြပါစေ….

စောလင်းနက်စ် { http://www.sawlinux.net/ }

လ၀်ဟှိုင့်သီးယးထီသိုလ်ကိုဝ်ဟှာဍေ (အသိပေးခြင်း)

အားလုံးမင်္ဂလာပါ...

ညီလေး အဲလာရဲ့ကူညီမှု၊ လက်ဆောင်အဖြစ် ကျနော်ရဲ့ဆိုက်ကို net ဒိုမိန်းနိမ်းဖြင့်
ဖွင့်လို့ရပါပြီ။ အရင်က com ပေါ့ဗျာ။ သက်တမ်းကုန်းသွားတော့ blospot.com
နဲ့ ခရီးဆက်ရပြန်ရော။ ကဲ အခုတော့ ညီလေးအဲလာရဲ့လက်ဆောင်ပေးမှုကြောင့်
http://www.sawlinux.net/ ဆိုပြီး ဟော...မြန်မာနိုင်ငံမှာရှိတဲ့ ကျနော့်ရဲ့
ညီ၊ကိုတွေလဲ မကျော်မခွပဲနဲ့ ဘွားကနဲ ဘွားကနဲဖွင့်လို့ရတာပေါ့ဗျာ။

အေ...တစ်ခြား blogspot, website တွေ မြန်မာနိုင်ကနေ အလွယ်တကူကျော်ခွ
ချင်တဲ့ ကိုယ်ပိုင် proxy server လုပ်ချင်ရင် ဒီနေရာသွားရောက်ဖတ်နိုင်ပါသည်။

http://www.sawlinux.net/ ကို (US 10) နဲ့ လက်ဆောင်ပေးခဲ့တဲ့
ညီလေးအဲလာကို အထူးကျေးဇူးတင်ပါသည်။ ကျနော့်ဆိုက်ကို အချိန်မရသည့်ကြား
မှ လာရောက်တဲ့ ညီ၊ကိုများအားလုံးလဲ ကျေးဇူးတင်တင်လို့ပဲပြောပါရစေ...

စောလင်းနက်စ်