Change Drive Letter (Drive အက္ခရာအစဉ်လိုက်ပြုလုပ်ပုံ)
Windows XP တက်ပြီးမှ Format လုပ်တဲ့အခါ သို့မဟုတ် ပိုင်းတဲ့အခါမှာ Drive Letter ဟာ CD-ROM တွေရဲ့ နောက်ကို ရောက်သွားတတ်ပါတယ်။ Hard Disk CD-ROMတွေရဲ့ Drive Letter တွေ အကြောင်းအမျိုးမျိုး ကြောင့် အစီအစဉ်တကျ မရှိရင် Disk Management နဲ့ ပြန်ပြီး ပြောင်းနိုင်ပါတယ်။
ကျနော်အခုရေးပြမှာက Hard Disk ၂ လုံးနဲ့ Partition 4 ခု ရှိတဲ့ ကွန်ပျူတာကို ပုံနှင့်တကွရေးပြသွားမယ်။ အောက်ပါပုံကိုကြည့်ပါ Hard Disk ၂ လုံးနဲ့ Partition 4 ခု ရှိတဲ့ ကွန်ပျူတာဖြစ်ပါတယ်။

ပထမ Hard Disk ရဲ့ ဒုတိယ Partition ဟာ Window XP တက်ပြီးမှ Format လုပ်တာဖြစ်တဲ့အတွက် Drive Letter က နောက်ဆုံးကို ရောက်သွားပါတယ်။ ဒါကြောင့် ပထမ Hard Disk Drive Letter “G:” ကို “F:” အဖြစ်၊ CD-ROM Drive Letter “F:” ကို “G:” အဖြစ်သို့ ပြောင်းမှာဖြစ်ပါတယ်။ Drive Letter ၂ ခုကို တိုက်ရိုက်ပြောင်းလို့မရဘဲ CD-ROM Drive “F:” ကို “H:” သို့ အရင်ပြောင်းရမယ်။
CD Drive “F:” to Drive “H:”
အောက်ပါပုံတွင် Hard Disk ရဲ့ Drive Letter ဟာ “G:” ဖြစ်နေပြီး CD-ROM ရဲ့ Drive Letter ဟာ “F:” ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် Hard Disk ကို Drive Letter “G:” ကနေ “F:” ကို ပြောင်းမှာဖြစ်ပြီး CD-ROM ကို Drive “F:” ကနေ “G:” ကို ပြောင်းမှာဖြစ်ပါတယ်။

လက်ရှိအသုံးပြုထားတဲ့ Drive Letter ကို ပြောင်းလို့မရပါ။ ဒါကြောင့် ပထမအဆင့် CD-ROM Drive “F:” ကို “H:” သို့ အရင်ပြောင်းရပါတယ်။
ဒုတိယအဆင့် Hard Disk Drive “G:” ကနေ Drive “F:” ကို ပြောင်းရပါတယ်။
တတိယအဆင့်မှာ CD-Rom Drive “H:” ကနေ “G:” ကို ပြန်ပြီး ပြောင်းရပါတယ်။ သို့သော် CD-ROM Drive “H:” ကနေ Hard Disk အသုံးပြုခဲ့တဲ့ Drive Letter “G:” ကို အလွယ်တကူ ပြောင်းလို့မရပါ။ Windows ကို Restart လုပ်ပြီးတဲ့အခါမှ ပြောင်းလို့ရမှာဖြစ်ပါတယ်။
အကျဉ်းချုပ်..
၁. CD-ROM Drive “F:” ကနေ “H:” ကို ပုံမှန်အတိုင်းပြောင်းနိုင်ပါတယ်။
၂။ Hard Disk Drive “G:” ကနေ Drive “F:” ကို ပုံမှန်အတိုင်းပြောင်းနိုင်ပါတယ်။
CD-ROM Drive “H:” ကနေ Drive “G:” ကို Restart လုပ်ပြီးမှ ပြောင်းရပါတယ်။
အောက်ပါပုံအတိုင်း လုပ်ဆောင်ပါ....
ပုံ (၁) အတိုင်း CD-ROM Drive အပေါ်မှာ Right Click ခေါက်ပြီး Change Drive Letter and Paths ကို ရွေးလိုက်ပါတယ်။

ပုံ (၂)အတိုင်း “F:” Drive ကနေ ပြောင်းနိုင်ဖို့ Change Button အပေါ်မှာ Click ခေါက်လိုက်ပါတယ်။

ပုံ (၃) အတိုင်း Drop Down Arrow မှာ Click ခေါက်လိုက်တဲ့အခါ “H” ကနေ “Z” အထိ Drive Letter တွေ ဖေါ်ပြနေပါတယ်။ Drive “H” ပေါ်မှာ Click ခေါက်လိုက်ပါတယ်။

ပုံ (၄)အတိုင်း Drive Letter “H” ပေါ်လာတဲ့အခါ OK Button ပေါ်မှာ Click ခေါက်လိုက်ပါတယ်။

ပုံ (၅)အတိုင်း Volume Drive Letter ပြောင်းလိုက်ရင် တစ်ချို့ Program အသုံးပြုလို့မရနိုင်တော့ကြောင့် သတိပေးပါတယ်။ Data သီးသန့် သိမ်းထားတဲ့ Drive ဖြစ်တဲ့အတွက် Yes ကို နှိပ်ပါ။

ပုံ (၆)အတိုင်း CD-ROM ရဲ့ Drive “F:” ကနေ Drive “H:” ကို ပြောင်းသွားပါတယ်။

Hard Drive “G:” to Drive “F:”
Drive “G:” ကနေ Drive “F:” ကို ပြောင်နိုင်ဖို့ Drive “G:” ပေါ်မှာ Right Click ခေါက်ကာ Change Drive Letter and Paths ရွေးပါတယ်။
CD-ROM Drive Letter ပြောင်းတဲ့နည်းလမ်းနဲ့ Command တွေ အတူတူဖြစ်လို့ ကျန် Command တွေကို အသေးစိတ် မပြောတော့ပါ။
Command အဆင့်ဆင့် ပေးပြီးတဲ့အခါ အောက်ပါပုံအတိုင်း Hard Disk Letter “F:” အဖြစ်ပြောင်းသွားတာကို တွေ့နိုင်ပါတယ်။

CD-ROM Drive “H:” to “G:”
ထုံစံအတိုင်း CD-ROM Drive ပေါ်မှာ Right Click ခေါက်ပြီး Change Drive Letter and Paths ကို တွေ့ရပါတယ်။
Command အဆင့်ဆင့်ပေးပြီးတဲ့အခါ အောက်ပါပုံအတိုင်း CD-ROM Drive Letter “H:” ကနေ “G:” ကို ပြောင်းသွားပါတယ်။

ကဲ Change Drive Letter ပြုလုပ်ပုံတွေပြီးသွားပြီး
Start, My Computer မှာ Click ခေါက်လိုက်တဲ့အခါ အောက်ပါပုံအတိုင်း Hard Disk တွေရဲ့ Drive Letter “C:”, “D:”, “E:”, “F:” နောက်မှာ CD-ROM Drive Letter “G:” ကို တွေ့နိုင်ပါတယ်။

Ref : အကောင်းဆုံးစနစ်များစွာနဲ့ ကွန်ပျူတာ (ဦးအေးကို)
0 comments:
Post a Comment