မိမိကွန်ပျုတာမှာ နေ့စဉ်နှင့်အမျှ Run Box မှာရိုက်ထည့်အသုံးပြုနေကြတဲ့ Commands တွေကို ရှင်းလင်းပေးဖို့ ဖျက်ဖို့အတွက် နည်းလမ်းလေးပါ။ XP အတွက်သာမဟုတ်။ Vista and Window 7မှာလည်း လုပ်လို့ရပါတယ်။

ပထမနည်း
* Start--Run --regedit ရိုက်ထည့်ပြီး Enter ။
* HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\RunMRU ထိရောက်အောင်သွားပါ။

အပေါ်က ပုံမှာ မြင်တဲ့အတိုင်းပဲ ညာဘက်မှာ Recent commands တွေကို တွေ့တယ်မလား။ အဲဒီ Commands တွေထဲက ကိုယ်ဖျက်ချင်တာတွေကို Select ပေးပြီးဖျက်လိုက်ပါ။ အကုန်ဖျက်ချင်တယ်ဆိုရင်လဲ အားလုံး Select ပေးပြီး Delete ပေးလိုက်ပါ။ ဒါဆို အဆင်ပြေပါပြီ။
ဒုတိယနည်း
Taskbar ပေါ်မှာ Right-Click ထောက်ပြီး Properties ကို သွားပါ။ ထိုမှတဆင့် Start Menu ကို ထပ်သွားပါ။

Start Menu ရောက်ရင် Classic Start Menu Option ကို ရွေးပါ။ ပြီးရင် Customize Button ကို Click လိုက်ပါ။ ထိုမှတဆင့် Clear Button ကို Click ပြီး Start menu မှ Recent Documents and Applications တွေကို ဖျက်နိုင်ပါတယ်။

ပြီးသွားရင် Classic Start Menu ကို Start Menu ပြန်ထားလိုက်ပါ။ ဒါဆို အိုကေသွားလိမ့်မယ်။
Ref : http://www.howtogeek.com/howto/windows/clear-recent-commands-from-the-run-dialog-in-windows-xp/
စောလင်းနက်စ်
0 comments:
Post a Comment