ကိုအသုံးပြုပြီးတော့ lock ချထားမလား။ သူ့နည်းနဲ့သူကတော့ အကောင်းတွေချည်းပဲဗျို့။ ဒါပေမယ့်
အခု cmd command lineနဲ့ Folder တွေကို ဖျောက်ထားနည်းကလည်းမဆိုးဘူး။ ဘာပဲဖြစ်ဖြစ် နည်း
များများသိလေ ကောင်းလေပဲမဟုတ်လား။ ကျနော်က ကွန်ပျူတာအခြေခံလေးတွေလေ့လာရင်းကောင်း
တာလေးတွေတွေ့ရင် မလွတ်တမ်းပေါ့ဗျာ။ ကြိုက်ရင်ယူ မကြိုက်ရင်ကျော်သွားပေါ့။
ကျနော်က ဘ၀တူသမားလေးတွေအတွက်ရေးပြတာဆိုတော့ အခြေခံကျကျလေးရေးလိုက်မယ်...
(၁) Start Menu က Run ကိုနှိပ်၊ ဒါမှမဟုတ်ရင် (Window logo+R) တွဲနှိပ်
Run ဘောက်စ်ပေါ်လာမယ်။
(၂) ပေါ်လာတဲ့ Run ဘောက်စ်ထဲတွင် cmd ရိုက်ထည့်ပါ။

(၃)ပေါ်လာတဲ့ cmd screenထဲမှာ အောက်ပါcommand line တွေကို၇ိုက်ထည့်ပါ
(a)cd\ ရိုက်ထည့် ပြီးတော့ Enter ခေါက်
(b)D: ရိုက်ထည့် ပြီးတော့ Enter (ဒါတော့ မိမိဖျောက်မယ့် ဖိုလ်ဒါရဲ့ directry ကိုရိုက်ထည့်ရမှာဖြစ်ပါ
တယ်။ ဥပမာ....မိမိဖိုလ်ဒါက C: E: တို့မှာ ရှိရင် C: E: စသည် တစ်ခုခုရိုက်ထည့်ရမှာဖြစ်ပါတယ်)
(c)attrib +s +h Document (ဒါလဲ Document ဆိုတဲ့နေရာမှာ မိမိဖျောက်မယ့် ဖိုလ်ဒါရဲ့အမည်ကိုရိုက်
ထည့်) ပြီးတော့ Enter ခေါက်။
အေက်ပါပုံကို အထက်ပါလုပ်ဆောင်ချက်တွေနဲ့တိုက်ကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်

cmd screen ကိုပိတ်လိုက်တော့ ပိတ်တတ်တယ်ဟုတ်။ exit ရိုက်ထည့်ပြီး enter ခေါက်လိုက်ရင်
ပိတ်သွားပါတယ်လေ။ ထုံးစံအတိုင်းဆိုရင် ညာဖက်အပေါ်ဆုံးက ကြက်ခြေခတ်ပေါ့။ ဟီး
ဖျောက်ထားတဲ့ ဖိုလ်ဒါကိုပြန်ပေါ်စေချင်ရင်...
cd\
D:
attrib -s -h (မိမိဖိုလ်ဒါအမည်)ကို ပြန်၇ိုက်ထည့်ရုံပါပဲ
ပျော်ရွင်ပါစေ...
စောလင်းနက်စ်
0 comments:
Post a Comment