လ၀်ဟှိုင့်သီးယးထီသိုလ်ကိုဝ်ဟှာဍေ (အသိပေးခြင်း)

အားလုံးမင်္ဂလာပါ...

ညီလေး အဲလာရဲ့ကူညီမှု၊ လက်ဆောင်အဖြစ် ကျနော်ရဲ့ဆိုက်ကို net ဒိုမိန်းနိမ်းဖြင့်
ဖွင့်လို့ရပါပြီ။ အရင်က com ပေါ့ဗျာ။ သက်တမ်းကုန်းသွားတော့ blospot.com
နဲ့ ခရီးဆက်ရပြန်ရော။ ကဲ အခုတော့ ညီလေးအဲလာရဲ့လက်ဆောင်ပေးမှုကြောင့်
http://www.sawlinux.net/ ဆိုပြီး ဟော...မြန်မာနိုင်ငံမှာရှိတဲ့ ကျနော့်ရဲ့
ညီ၊ကိုတွေလဲ မကျော်မခွပဲနဲ့ ဘွားကနဲ ဘွားကနဲဖွင့်လို့ရတာပေါ့ဗျာ။

အေ...တစ်ခြား blogspot, website တွေ မြန်မာနိုင်ကနေ အလွယ်တကူကျော်ခွ
ချင်တဲ့ ကိုယ်ပိုင် proxy server လုပ်ချင်ရင် ဒီနေရာသွားရောက်ဖတ်နိုင်ပါသည်။

http://www.sawlinux.net/ ကို (US 10) နဲ့ လက်ဆောင်ပေးခဲ့တဲ့
ညီလေးအဲလာကို အထူးကျေးဇူးတင်ပါသည်။ ကျနော့်ဆိုက်ကို အချိန်မရသည့်ကြား
မှ လာရောက်တဲ့ ညီ၊ကိုများအားလုံးလဲ ကျေးဇူးတင်တင်လို့ပဲပြောပါရစေ...

စောလင်းနက်စ်

ကရင်ခြည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်စူး)

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ နွန်ထဘူရီ၊ ၀တ်နခွန်အင်ကျောင်းတွင် (၂၂-၈-၂၀၁၀) တနင်္ဂနွေနေ့
ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကျင်းပခဲ့သည်။ ၄င်းအခမ်းအနားကို ဘန်ကောက်တွင် ထိုင်းနိုင်ငံရောက်
ကရင်တိုင်းရင်းများက ကရင်ဓလေ့ထုံးတမ်းနှင့်အညီ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားအ
စီအစဉ်အနေဖြင့် ကြွရောက်လာကြသောသံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေ
စက်သွန်းချအမျှပေးဝေပါသည်။ တစ်ဆက်တည်းမှာပဲ ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကို ဆက်လက်
ကျင်းပကာ မာန်နဲာကျာ်မေဓာနန္ဒက ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကျင်းပရခြင်းအကြောင်းကို အကျဉ်း
အားဖြင့် တက်ရောက်လာကြသောကရင်ညီကို၊ မောင်နှမများကိုပြောကြားခဲ့ပြီး ထိုနောက်ခြည်ဖြူ
ဖွဲ့မင်္ဂလာကို ဓလေ့ထုံးတမ်းနှင့်အညီကျင်းပခဲ့ပါသည်။

ကရင်ခြည်ဖြူဖွဲ့မင်္ဂလာကျင်းပပုံ ဓာတ်ပုံများ...

ဂူဂဲလ်က အင်တာနက် လူမှုကွန်ရက်တွင် နယ်ချဲ့

ကိုထွေး {The Irrawaddy}

ဂူဂဲလ်က ၎င်းတို့ အသစ်ဖန်တီး လိုက်သည့် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာ “Google Buzz” အား အသုံးပြုရန် ဂျီမေးလ် အသုံးပြုသူ များကို အင်္ဂါနေ့တွင် စတင် ဖိတ်ခေါ် လိုက်သည်။

ယခုရက်ပိုင်း အတွင်း ဂျီမေးလ်ကို စစ်ဆေးပါက စာတိုက်သေတ္တာသို့ မရောက်မီ ဂူဂဲလ်၏ ဖိတ်ခေါ်ချက်ကို ဦးစွာ တွေ့ရမည် ဖြစ်သည်။

[လူမှုကွန်ရက် Google Buzz အကြောင်းကို အင်္ဂါနေ့က မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)]

လူမှုကွန်ရက် Google Buzz အကြောင်းကို အင်္ဂါနေ့က မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)
ဂူဂဲလ်၏ ဖန်တီးမှု အသစ်သည် Facebook နှင့် Twitter ကဲ့သို့ အင်တာနက် အသုံးပြုသူ မိတ်ဆွေများ အချင်းချင်း သတင်း အချက် အလက်၊ ဓာတ်ပုံနှင့် ဗီဒီယိုဖိုင်များ ဖလှယ်နိုင်မည့် လူမှုရေးကွန်ရက် ဖြစ်သည်။

“Buzzမှာ ဖျော်ဖြေရေး အစီအစဉ်တွေပါ ရှိတာကြောင့် လုပ်ငန်းခွင် နဲ့ အနားယူချိန် အကြားမှာ လိုအပ်နေတာ တွေကို ဖြည့်ဆည်း ပေးပါလိမ့်မယ်” ဟု ဂူဂဲလ်ကို ပူးတွဲ ထူထောင်သူ Sergey Brin က ပြောကြား ကြောင်း New York Times သတင်းစာတွင် ယမန်နေ့က ရေးသား ထားသည်။

Google Buzzကို ဂျီမေးလ်မှ တဆင့် အလွယ်တကူ အသုံးပြုနိုင်ရန် စီစဉ်ထားသည်။ ဂျီမေးလ်ဖြင့် မကြာခဏ ပြောဆို ဆက်သွယ်လေ့ရှိသော လိပ်စာများကို Buzzက အလိုအလျောက် အပြန်အလှန် ချိတ်ဆက် ပေးမည် ဖြစ်သည်။

အားသာချက်တခုမှာ အသုံးပြုသူ၏ လက်ရှိ အခြေအနေအကြောင်း ရေးသားနိုင်သော စာလုံး အရေအတွက်ကို Twitter ကဲ့သို့ ကန့်သတ်ထားခြင်း မရှိသည့် အချက်ဖြစ်ကြောင်း Google Buzz ကို မြည်းစမ်းဖူးသူများက ဆိုသည်။

ဂူဂဲလ်သည် ယခု ဖန်တီးလိုက်သည့် Buzzအတွက် အင်တာနက် လူမှုကွန်ရက် ကျွမ်းကျင်သူများကို ငှားရမ်းပြီး ၂ နှစ်ခန့် အချိန်ယူ တည်ဆောက်ခဲ့သည်ဟု သိရသည်။ Buzz ကို http://www.google.com/buzz မှတဆင့် ၀င်ရောက်နိုင်သကဲ့သို့ iPhoneနှင့် Android Phone တို့တွင်လည်း အသုံးပြု နိုင်ရန် စီစဉ်ထားသည်။

Google Buzzသည် Facebookကို တုပထားခြင်းဖြစ်သည်ဟု နည်းပညာ လေ့လာသူများက ဆိုသည်။

ဂူဂဲလ်၏ ဖန်တီးမှု အသစ်ကို စိတ်ဝင်စားကြောင်း Facebook ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ် Larry Yuက ဆိုသည်။

“အင်တာနက် စာမျက်နှာတွေက လူတွေနဲ့ နီးစပ်လာပြီး ကမ္ဘာကြီးကိုလည်း ပိုပွင့်လင်းစေမယ့် နည်းပညာတွေကို ကျမတို့က အားပေးပါတယ်၊ Buzzက ရှေ့မှာ ဘယ်လောက်အထိ တိုးတက်အောင် လုပ်နိုင်မလဲ ဆိုတာကိုလည်း စိတ်ဝင်တစား စောင့်ကြည့်နေပါတယ်” ဟု သူက New York Times သတင်းစာကို ပြောသည်။

လူမှုကွန်ရက်စာမျက်နှာလောကသို့ ၀င်ရောက်လာသည့် ဂူဂဲလ်၏ ကြိုးပမ်းချက်များ ထိရောက်နိုင်မှုနှင့် ပတ်သက်ပြီး လေ့လာသူများက သံသယ ၀င်နေကြသည်။ အရှိန်ရနေသော Facebook နှင့် Twitterကို ဂူဂဲလ်၏ Buzzက လွှမ်းမိုးနိုင်မည်ဟု မထင်ကြောင်း လေ့လာသူ တချို့က သုံးသပ်သည်။

၂၀၀၉ ခုနှစ်မှ စတင်၍ လူမှုရေးကွန်ရက် စာမျက်နှာများသည် အရှိန်အဟုန်ဖြင့် အင်တာနက် အသုံးပြုသူများအကြား ရေပန်းစားလာပြီး ယခုအခါ ကမ္ဘာတ၀န်းလုံး၌ Facebook အသုံးပြုသူ သန်း ၄၀၀၊ ဂျီမေးလ် အသုံးပြုသူပေါင်း ၁၇၆ သန်း ရှိကြောင်း သိရသည်။

မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့တွင် ကရင်ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တည်ထောင်ခြင်း

(ဖူ့တာမိက်ဘလော့မှ တစ်ဆင့်ပြန်လည်ဖေါ်ပြသည်)

အမေရိကန်ပြည်ထောင်စု မင်ဏီဆိုးတားပြည်နယ်
စိန့်ပေါမြို့တွင်
ကရင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တည်ထောင်ခြင်း

အမေရိကန်ပြည်ထောင်စု မင်ဏီဆိုးတားပြည်နယ်ရှိ စိန့်ပေါမြို့တွင် ကရင်ဗုဒ္ဓဘာသာ ဘုန်းတော် ကြီးကျောင်းကို တည်ထောင်လိုက်ကြောင်း သတင်းရရှိပါသည်။
ထိုဘုန်းတော်ကြီးကျောင်းတွင် ကရင်သံဃာတော်သုံးပါး သီတင်းသုံးနေထိုင်မည် ဖြစ်ပြီး၊ သံဃာတော်သုံးပါး၏ ဘွဲ့အမည်များမှာ ဦးသုန္ဓရ၊ ဦးပဏ္ဍိတနှင့် ဦးသြဘာသတို့ဖြစ်ကြောင်း
သတင်းရရှိပါသည်။

ဝဲမှယာ သံဃာတော်များ ဦးပဏ္ဍိတ၊ ဦးသြဘာသ၊ ဦးသုန္ဓရ

မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့ရှိ ကရင်အမျိုးသားများဖွဲ့စည်းထားသည့် ကရင်ဗုဒ္ဓဘာသာအသင်း (Karen Buddhist Association) မှ ကြီးမှူး၍ ယနေ့ (တနင်္ဂ နွေနေ့ မေလ၂၄ရက်နေ့ ၂၀၀၉)ဒေသစံတော်ချိန်နေ့လည် ၁၂း၀၀နာရီတွင် အမှတ် ၆၀၃ မေရီလန်းရှိ အဆိုပါဘုန်းတော်ကြီး ကျောင်း၌ အစည်းဝေးတရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးသို့ စိန့်ပေါမြို့ရှိ ဗုဒ္ဓဘာသာဝင်များ တက်ရောက်ခဲ့ကြကြောင်း၊ အစည်းအေ​ဝး၌ ကျောင်းထိုင်ဆရာတော်ဦးသုန္ဓရမှ အဖွင့်အမှာစကားပြောကြားပြီး၊ တွဲဘက်ကျောင်းထိုင်ဆရာတော်ဖြစ်သည့် ဆရာတော် ဦးပဏ္ဍိတမှ ရဟန်းဝတ္တရားငါးပါး၊ ဒါယိကာဝတ္တရားငါးပါးတို့ကို အကျယ်တ၀င့်ဟောပြောသွားကြောင်း သတင်း ရရှိပါသည်။

တက်ရောက်လာကြသည့် ဗုဒ္ဓဘာသာဝင်များ

၎င်းနောက် အဖွဲ့၏ကိုယ်စား အဖွဲ့ဝင်တဦးဖြစ်သူ မန်းစမစ်ဒွန်းမှ လိုအပ်သည့် အရေးကြီးစာရွက်စာ တန်းအား ကျောင်းထိုင်ဆရာတော် ဦးသုန္ဓရထံသို့ဆက်ကပ်လိုက်ကြောင်း သတင်းရရှိပါသည်။

အဖွဲ့၏ကိုယ်စား စာရွက်စာတန်း ဆက်ကပ်နေပုံ

အစည်းအဝေးသို့ ကြွရောက်လာကြသည့် ဗုဒ္ဓဘာသာဝင်များက ကျောင်းတော်ကြီး၏ဝေယျာဝစ္စ၊ သံဃာ့ဝေယျာဝစ္စများနှင့် ပတ်သက်၍ ဆွေးနွေးသွားကြပြီး အစည်းဝေးကို မွန်းလွဲ ၃း၀၀ နာရီခန့်တွင် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိပါသည်။

သတင်းပေးပို့သူ ဖူ့ယောင်ဟဲ့ (USA)

ဓါတ်ပုံသတင်း စ၀်ထေါဟ်တွါ်(USA)

20 Karens & English volunteer interpreters needed in Malaysia

Urgently,

Dear Karen Friends,

In Malaysia there are around 6000 Karen and majority of them are illegal and live in the jungle of Malaysia . They are always chasing by the Malaysian police and if captured they are in serious situation.

Malaysia Karen Organisation (MKO) is trying to help them as much as they can. They are now trying to register them with UNHCR for a possibility to be resettled in the countries. However, due to the storage of Karen people who can speak both Karen and English and the majority of Karen cannot speak or understand Burmese, they have a big problem to fulfil the UNHCR's criteria.

This week Tuesday Malaysia UNHCR required 20 Karen Interpreters who speak both good English and Karen. Therefore, MKO would like to invite any Karen who would like to come and help our fellow Karen who live in the jungle in Malaysia .

Our fellow Karens in Malaysia are in serious situation. If you would like to find out more or want to go and help them, please contact MKO Chairperson Mahn Sein Than on +60... or you can email him at mahnseinthan2007@yahoo.com

Please pass this information on. Also if you have any other idea or suggestion how we Karen communities around the world could do to help to raise awareness about this situation please contact me.

In solidarity,

Nant Bwa Bwa Phan
Vice Chairperson
Karen Community Association UK

KNU ဆက်လက်ရှင်သန်ဖို့အရေး ကရင်ပြည်သားတစ်ဦးရဲ့ပန်ကြားချက်

ကျနော် ဖဒိုဒေဗစ်ထောရဲ့ စာကိုဖတ်ပြီး တောင်တော်စိတ်မကောင်းဖြစ်မိပါတယ်
ကျနော့်အနေနဲ့ ကတော့ KNU ဆက်လက်ရှိနေစေချင်သေးတယ်
တတ်နိုင်သလောက်ပြည်ပရောက်နေတဲ့ ကရင်တွေအနေနဲ့  ငွေကြေး
အားဖြင့်သော်၎င်းထောက်ပံ့စေချင်ပါတယ်။
စောဘဦးကြီးရဲ့ မှု ၄ချက်ကို အကောင်အထည်မဖေါ်နိုင်တာတောင်
ဆက်လက်ထိမ်းထားစေချင်တယ် ကရင်လူမျိုးမှာ စစ်တပ်ရှိထားသင့်တယ်
စစ်တပ်ရှိရမယ် KNU မရှိတော့မှ စစ်တပ်လိုချင်လို့ အသစ်ပြန်ဖွဲ့ စည်းဖို့ ဆိုတာ
လုံးဝအလွယ်ပါဘူး အနှစ်၆၀ ကျော်တည်ရှိခဲ့ တဲ့ KNU ကိုကျနော်တို့ ရှေ့ မှာပြိုပျက်သွားတာ
မဖြစ်စေချင်ပါဘူး။

နောက်တချက်က စောဒေဗစ်ထောပြောသွားပုံအရ နအဖနဲ့ ပေါင်သွားတဲကရင်အဖွဲအစည်းတွေ
အနေနဲ့ လည်း ကိုယ်ကျိုးစီပွားကိုဘဲမလုပ်ဘဲ ကရင်လူမျိုတွေအတွက် ပညာရေး ကျမ်းမာရေး
နိုင်ငံရေး အသံလွင့်ရုံ စသည်ဖြင့်ကိုယ့်လူမျိုးတိုးတက်ဖွင့်ဖြိုးအခြေခိုင်အောင်လုပ်ပေးသင့်ပါတယ်
တခြားသောလူမျိုးတချို့ ရဲ့သုံးသတ်ချက်အရ KNU ဟာ သူခေါတ်ကောင်စဉ်က သူလူမျိုးကိုအခြေခိုင်အောင်မလုပ်ပေးနိုင်ခဲ့ဘူးလို့ သုံးသတ်သူတွေရှိပါတယ်။

ဒါကြောင့် နအဖနဲ့ ပေါင်သွားတဲ့ ကရင်တွေဟာဒါကို အမိအရကိုင်စေချင်ပါတယ်။
KNU အနေနဲ့ လည်းဝါဒဖြန့် မှုတွေကို မိမိလက်လှမ်းမှီတဲ့ အခုဒုက္ခသည်စခန်းမှာ သန်းနဲ့ ချီရှိနေတဲ့ လူတွေရှိနေပါတယ်သူတိုတွေကိုလည်းဝါဒဖြန့် နိုင်ပါတယ် နောက်ပြီး ထိုင်းမှာအလုပ်လုပ်တဲ့ 
သူတွေကိုရောပေါ့ နောက်ပြီး ထိုင်းနဲ့ အဆင်ပြေအောင်ပြန်ကြိုးစားစေချင်ပါတယ် KNU မှာ Backgrown နိုင်ငံမရှိတာတော်တော်ဆိုးပါတယ် နအဖမှာ တရုပ် ရုရှား အိန္ဒိယ
စတဲ့ နိုင်ငံကြီးတွေအပြင် အာစီယံနဲ့ လည်းအဆင်ပြေနေပါတယ် နောက် UN နဲ့ 
ပါအဆင်ပြေလာတာကိုတွေရတယ်။

နောက်ဆုံး KNU အားထားနေရတဲ့ ထိုင်းကိုပါစည်းရုံးထားလိုက်ပါပြီး မိမိရဲ့ ရန်သူဟာ နိုင်ငံရေးအရရော စီးပွားရေးအရရောလူမှုဆက်ဆံရေး မီဒီယာ စသည်ဖြင့် ဘက်စုံမှာ အရမ်းအလုပ်လုပ်နေပါတယ် ဒါကြောင့် ကျနော်တို့ ကရင်လူမျိုးတွေအနေ
နဲ့ လည်း မိမိတတ်နိုင်တဲ့ ဘက်မှ အမျိုးသားရေးအတွက်ပိုအလုပ်လုပ်ဖို့ နဲ့ KNU အနေနဲ့ 
လည်းဒါထက်အများကြီးအလုပ်တွေလုပ်ဖို့ လို အပ်ပါတယ် အောင်ဆန်းပြောခဲ့သလို သူများတွေကခြေလှမ်းတစ်လှန်းလှန်းရင် ကျုပ်တို့ က သူများထက် လေးငါး
ဆယ်လှမ်း လှမ်းနိုင်မှ တော်ကာကျမယ်ဆိုတာမျိုးလိုပေါ့ ကရင်လူမျိုးများ ကိုယ့်အမျိုးသားရေးမှာနှိုးကြားမှုရှိလာအောင် ကြိုးစားကြရအောင်

ကျနော်တို့ တွေဒါထက်ပိုအလုပ်လုပ်ကြရအောင်

စသောင်း